Internet Download Manager 6.12 ကို Full Version ဖြစ်အောင် Crack ကြမယ်
Internet
Download Manager နဲ့ပတ်သက်ပြီး ကျွန်တော့်ကို မေးတဲ့လူများနေလို့ အတတ်နိုင်ဆုံး ရှင်းပြလိုက်ပါတယ်
.. ဒါပေမယ့် ကျွန်တော်က နယ်မြို့လေးတစ်မြို့မှာ နေတာဖြစ်တဲ့အတွက်
ဆော့ဝဲတွေနဲ့ပတ်သက်ရင် Final Version တွေကို တင်ပေးနိုင်ဖို့တော့ အခက်အခဲရှိပါတယ် ..
ဆော့ဝဲတွေနဲ့ပတ်သက်ရင် Final Version တွေကို တင်ပေးနိုင်ဖို့တော့ အခက်အခဲရှိပါတယ် ..
တစ်ခြားဘလော့တွေမှာ
တင်ထားတဲ့ ဆော့ဝဲတွေကိုလည်း ပြန်ဒေါင်းဖို့မလွယ်တဲ့ ကွန်နက်ရှင်နဲ့
အင်တာနက်ကိုသုံးနေရတာဖြစ်တဲ့အတွက်
လင့်လေးကိုပဲယူပြီး ချိတ်ပေးလိုက်ရင် ဖြစ်ပေမယ်
ဘာပဲဖြစ်ဖြစ်
အခက်အခဲတစ်ခုကို အဆင်ပြေသွားဖို့က အဓိကဖြစ်တာမို့ ကျွန်တော့်မှာ ရှိထားပြီးသား
Version တွေကိုပဲ
တင်ပေးလိုက်ပါတယ် .. Latest မဖြစ်ပေမယ့် Most Comfortable တော့ ဖြစ်ရပါစေ့မယ် ..
:D
ကဲ … ပထမဆုံး
အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ
Download
<<< ဒီမှာဒေါင်းပါ >>>
နောက်ထပ်
လုပ်ရမှာက သူငယ်ချင်းတို့ဆီမှာ Install လုပ်ထားပြီးသား Internet Download Manager က Version
6.12 မဟုတ်ရင်တော့ အရင်ဆုံး Uninstall လုပ်လိုက်ပါ ..
Uninstall လုပ်တဲ့အခါ တက်လာတဲ့
Box ထဲမှာ Default မှာပဲ အမှတ်ခြစ်ပေးထားတဲ့အတိုင်း Uninstall လုပ်လိုက်ပါ .. Uninstall
လုပ်ပြီးရင် Restart တောင်းပါလိမ့်မယ် .. OK ပေးလိုက်ပါ
ပြီးရင်တော့
.. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် ဖိုင်နှစ်ဖိုင်ရလာပါမယ် .. အဲဒီထဲက IDM
6.12 setup ဆိုတဲ့ဖိုင်လေးကို run ပြီး install လုပ်လိုက်ပါ .. Install လုပ်ပြီးတာနဲ့
Restart လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ် ..
ဝင်းဒိုး
ပြန်တက်လာတဲ့အခါ Internet Download Manager က အလိုလို Run ပါတယ် .. သူနဲ့ပတ်သက်ပြီး
တက်လာသမျှ Box တွေကို Cancel လုပ် .. ဒါမှ မဟုတ်ရင်လည်း ပိတ်ပေးပါ ..(တက်ချင်မှလည်း တက်ပါမယ် )
ပြီးရင်
.. သူငယ်ချင်းတို့ရဲ့ Desktop ညာဖက်အောက်ဒေါင့်နားလေးမှာရှိတဲ့ (အလံလေးနားမှာ) Pop
Up Arrow လေးကိုနှိပ်လိုက်ရင် တက်လာတဲ့ထဲက Internet Download Manager ရဲ့ Tray
Icon ပုံလေးကို Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက exit ကို နှိပ်ပေးလိုက်ပါ (Internet
Download Manager ကို ပိတ်လိုက်တာပါ) အဲဒီလို မလုပ်ရင် ကျွန်တော်တို့ Internet
Download Manager ကို Patch ချိုးလို့ လုံးဝ အောင်မြင်မှာမဟုတ်ပါဘူး .. ပိုပြီးရှင်းအောင်
အောက်မှာ ပုံလေးပြထားပါတယ် ..
ပြီးရင်
Desktop ပေါ်မှာရှိတဲ့ Internet Download Manager ရဲ့ Icon လေးကို Right Click နှိပ်ပြီး
ပေါ်လာတဲ့ထဲက Open file location ကိုနှိပ်လိုက်ပါ .. (အဲဒီလိုလုပ်ဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း
C ကိုဖွင့် Programs ဆိုတဲ့ဖိုလ်ဒါကိုဖွင့် Internet Download Manager ဆိုတဲ့ဖိုလ်ဒါကိုဖွင့် .. )
ပြီးရင်
ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက Patch ဆိုတဲ့ဖိုင်လေးကို
သူ့အရင်ဖွင့်ထားနှင့်ပြီးသားဖြစ်တဲ့ Internet Download Manager
ဖိုလ်ဒါထဲကို Drag and Draw ဆွဲထည့်လိုက် .. (မလုပ်တတ်ရင်လည်း အဆင်ပြေသလို
ကော်ပီယူပြီး ထည့်ပေးလိုက်ပါ) အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်
Administrator
Prompt Box တက်လာပြီး သတိပေးတဲ့အခါ .. Replace ကိုနှိပ် Continue ကို
နှိပ်ပေးလိုက်ပါ .. အဲဒီ Patch ဖိုင်လေး Internet Download Manager ရဲ့
ဖိုလ်ဒါထဲရောက်သွားတာကို သေချာစစ်ကြည့်ပါ .. သေချာပေါက် ရောက်သွားပြီဆိုရင်
အဲဒီဖိုင်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ .. အဲဒီအခါ
အောက်မှာပြထားသလို ကျွန်တော့်လောက်နီးပါး ချောမောခန့်ညားတဲ့
ပုံလေးတက်လာပါလိမ့်မယ် ..
:P
အဲဒီပုံလေးထဲက
Patch ဆိုတာလေးကို နှိပ်ပေးပြီး ခဏစောင့်လိုက်ပါ .. အထက်က အဆင့်တွေအားလုံး
မှန်ခဲ့မယ်ဆိုရင် အောက်မှာပြထားတဲ့ပုံအတိုင်းတက်လာပါမယ် ..
ပထမတစ်ပုံရဲ့
First name အကွက်မှာ ကြိုက်တဲ့နံမည်ကို ထည့်ပြီး OK ကိုနှိပ်ပါ ..
နောက်ထပ် အဲဒီလိုပုံထပ်တက်လာပြီး Last name မှာလည်း ကြိုက်တဲ့ နံမည်ကို
ထည့်ပြီး OK ကို နှိပ်ပေးလိုက်ပါ ..
အဲဒီအခါမှာ အောက်ကပုံအတိုင်း သူငယ်ချင်းတို့ Patch ချိုးတာ အောင်မြင်သွားတဲ့အကြာင်း ပုံလေးတက်လာပါမယ် ..
ပြီးရင်တော့
exit လေးကို နှိပ်ပေးလိုက်ပါ .. ပြီးရင် Restart တောင်းရင် ပေးလိုက်ပါ ..
မတောင်းလည်း Restart လုပ်ပေးလိုက်တာက ပိုကောင်းပါတယ် ..
ဝင်းဒိုးပြန်တက်လာတဲ့အခါ
.. Online မှာ Update တွေ ထွက်နေတဲ့အကြောင်း Download လုပ်ဖို့ Box
လေးတက်လာပါမယ် .. ပိတ်ပစ်လိုက်ပါ .. မပိတ်ပဲ .. ဒေါင်းလိုက်မိရင်
ကျွန်တော်တို့ Full Version မဖြစ်နိုင်တော့ပါဘူး ..
အားလုံးငြိမ်သွားပြီဆိုရင်တော့
Desktop ပေါ်က Internet Download Manager ရဲ့ Icon လေးကို Double Click
နှိပ်ပြီး ဖွင့်လိုက်တဲ့အခါ .. အောက်ကပုံလေးအတိုင်း သူငယ်ချင်းတို့ရဲ့
ဆော့ဝဲလေးဟာ Full Version ဖြစ်နေတာကို တွေမြင်ရမှာ ဖြစ်ပါတယ် ..
(တစ်ကယ်တော့
.. သူငယ်ချင်းတို့ဟာ အထက်ကလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ Cracker
တစ်ယောက်ဆန်ဆန် .. ဆော့ဝဲတစ်ခုကို Full Version ဖြစ်အောင် ကိုယ်တိုင် Crack
လိုက်တာပါပဲ ..)
နည်းပညာလေ့လာနေတဲ့ သူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်
0 comments:
Post a Comment