ဇင်ကို ၏ နည်းပညာမှတ်စုမှ လှိုက်လှဲစွာကြိုဆိုပါသည်

Sunday 30 June 2013

Gtalk ၏ အသုံးဝင်မှုများ



Gtalk ကနေ မြန်မာပြည်မှ ပြည်ပကို ဖုန်းခေါ်မလား။ ပြည်ပကနေ မြန်မာပြည်ကို ခေါ်မလား။ ဒါမှ မဟုတ် မြန်မာပြည်နဲ့ ပြည်ပ ဖုန်းနှစ်လုံး ချိတ်ဆက်အသုံးပြုမလား။ မြန်မာပြည်ဖုန်းကနေ ပြည်ပဖုန်းကို ခေါ်မလား။

အဲဒီဝန်ဆောင်မှုတွေကို www.bamartalk.com မှာ အသုံးပြုလို့ရပါတယ်။ register လုပ်ပြီး အသုံးပြုရပါမယ်။ အသုံးပြုရမည့် နည်းလမ်းများကိုလဲ အသေးစိတ် ဖော်ပြထားပါတယ်။ မိမိကိုယ်တိုင်တော့ မစမ်းသပ်ဖူးတဲ့အတွက် မသိပါ။ သို့ပေမယ့် သတင်းကောင်းဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေပါစေ။

Buddha FM



အင်တာနက်မှာ Website တော်တော်များများနဲ့ Blog တော်တော် များများဟာ ဗုဒ္ဓဘာသာဝင်များအတွက် အင်မတန်မှ ၀မ်းမြောက်စေမယ့် အစီအစဉ်လေးတွေ ပြုလုပ်ပေးနေတာ အားလုံးအသိပါ။ ယခုလဲ Buddha FM အစီအစဉ်ကိုလဲ လွှင့်ပေးနေပါတယ်။ ဆရာတော်ကြီးများ၏ တရားတော်များ နာကြားနိုင်ပါပြီ။ မိမိတို့ နာချင်တဲ့ တရားကိုလဲ တောင်းဆိုနိုင်ပါတယ်။ ဆိုဒ်ကို ဒီမှာ သွားရောက် လေ့လာနိုင်ပါတယ်။ တရားထူး တရားမြတ်များ နာယူ၍ နိဗ္ဗာန် ရောက်ကြပါစေ။

မူရင်း http://mgsaytanar.blogspot.comမောင်စေတနာ

Clock for Blog






မိမိတို့ရဲ့ ဘလော့တွေမှာ နာရီလှလှလေးတွေ ထားချင်တယ်ဆိုရင် ယခုဆိုဒ်လေးက ဆောင်ရွက် ပေးပါလိမ့်မယ်။ လိုချင်တဲ့ နာရီမျိုးစုံကို အလကားမတ်တင်း ရယူနိုင်ပါတယ်။ ရှေးဟောင်း နာရီကနေ ယနေ့ ခေတ်ပေါ် နာရီတွေအထိ မျိုးစုံစွာ ရှိပါတယ်။ ဒီလင့်မှာ သွားရောက် လေ့လာနိုင်ပါတယ်။


 မူရင်း http://mgsaytanar.blogspot.comမောင်စေတနာ

ရယ်လိုက်

ကံမကောင်းတဲ့ သတို့သား
















ဟုတ်သားပဲ

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

သူ့အဖြေ

ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။


ရှင့်ရင်ဘတ်ကြီးထဲ ပြန်ထည့်

ငါနော် .... သေချင်တယ်

ဆင်းရဲလွန်းလို့ သေချင်တယ်။ သေတာပဲကောင်းတယ်။ အခုပဲ ကြိုးချသေတော့မယ် ....




ငါလာကယ်မယ်ကွ

တော်လိုက်တဲ့ ဆရာဝန်

ဥက္ကဌသည် ဆေးကျောင်းသားများအား လူတွေ့စစ်ဆေးစဉ်က အဖြစ်အပျက်လေး ဖြစ်သည်။

ဥက္ကဌ - လူမမာနဲ့ တွေ့တဲ့အခါ ပထမဆုံး သိထားရမယ့် အချက်က ဘာလဲ ဆေးကျောင်းသားတို့။

ဆေးကျောင်းသားများ - လူမမာရဲ့ လိပ်စာပါ ဟု ပြိုင်တူ ဖြေလိုက်ကြလေသည်။

တော်လိုက်တဲ့ ကွန်ပျူတာ

ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ရာခန့်တို့သည် ကမ္ဘာ့လျှို့ဝှက်ချက်ဟူသမျှကို သိရှိဖြေကြားနိုင်သည့် အတော်ဆုံး ကွန်ပျူတာကို စုပေါင်း တည်ဆောက်ခဲ့ကြသည်။ ထို့နောက် ပထမဦးဆုံး မေးခွန်းတစ်ခုကို မေးကြည့်ကြသည်။ ၎င်း မေးခွန်းမှာ

ကမ္ဘာကြီး ဘယ်လို စတင် ဖြစ်ပေါ်သလဲ ?

ကွန်ပျူတာက ဖြေကြားလိုက်သည်မှာ

ကမ္ဘာဦးကျမ်း ကိုကြည့်ပါ။


(စာရေးဆရာတင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြသည်)

အသစ်ကျပ်ချွတ်

တခါက အလွန်ချမ်းသာသော ဦးနှောက်ရောဂါသည်တစ်ဦး ပါရဂူနှင့် တွေ့ဆုံစဉ်

ပါရဂူ - ခင်ဗျားအတွက် လုပ်စရာတစ်ခုပဲ ရှိတယ်။ အဲဒါက ခင်ဗျားဦးနှောက်ကို အစားထိုးဖို့ပဲ ... ။ ဒါပေမဲ့ ဒီအလုပ်က ဈေးကလဲ သိပ်ကြီးပြီးတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်။

လူမမာ - ဈေးက ပြဿနာ မရှိပါဘူး။ အစားထိုးမဲ့ ဦးနှောက်က ရပါ့မလား ဆရာ။

ပါရဂူ - ရတယ် သုံးခုတောင် ရနိုင်တယ်။ကြိုက်တာရွေးပေါ့ ။ ပထမတစ်ခုက ပါမောက္ခဦးနှောက် ဈေးကဒေါ်လာ တစ်သောင်း ။

လူမမာ - ဒီလောက်တော့ တတ်နိုင်ပါတယ်။ ဒုတိယတစ်ခုကရော ....

ပါရဂူ - ဒုတိယတစ်ခုကတော့ အာကာသသိပ္ပံပညာရှင်ရဲ့ ဦးနှောက် ... ဈေးက ဒေါ်လာ တစ်သိန်း ။

လူမမာ - အဲဒါက ပိုကောင်းမှာပဲနော် .... တတိယကရော ။

ပါရဂူ - ဈေးက ဒေါ်လာ ငါးသိန်း ။

လူမမာ - ဈေးကြီးလှချည်းလား ဆရာ။

ပါရဂူ - အသစ်ကျပ်ချွတ်ကြီးလေဗျာ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

မောင်စေတနာ

မူးတော့ မူးတာပေါ့

အရက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေစဉ်

ပထမလူ - ငါညတုန်းက အိပ်မက် မက်တယ်ကွ။

ဒုတိယလူ - ဟေ ဒါ ဘာများထူးဆန်းလို့လဲ ... နေပါအုံး ဘာတွေမက်လို့လဲ

ပထမလူ - မင့် မိန်းမအကြောင်း မက်တာကွ

ဒုတိယလူ - ငါ့ မိန်းမက အိပ်မက်ထဲမှာ ဘာပြောလဲ။

ပထမလူ - ဘာမှ မပြောဘူးကွ

ဒုတိယလူ - ဒါဆို အဲဒါ ငါ့မိန်းမ မဟုတ်ဘူး ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြပါသည်)

ဆရာများတော့

အမေရိကန်ကုမ္ပဏီ တစ်ခုနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ လှေပြိုင်ပွဲ ပြုလုပ်ရာ ဂျပန်က တစ်မိုင်အသာဖြင့် အနိုင်ရခဲ့တယ်။ အမေရိကန်ကုမ္ပဏီ ဥက္ကဌက ဘာ့ကြောင့် ရှုံးရသည်ကို ကျွမ်းကျင်သူ ငှား၍ သုံးသပ် ဆွေးနွေးလေသည်။

ဥက္ကဌ - ဂျပန်အသင်းရဲ့ အခြေအနေ ဘယ်လိုလဲ။

ကျွမ်းကျင်သူ - ခေါင်းဆောင် တစ်ယောက် ထိုးသား(၇)ယောက်ပါ။

ဥက္ကဌ - ဒို့အသင်းကရော

ကျွမ်းကျင်သူ - ခေါင်းဆောင်(၇)ယောက် ထိုးသား တစ်ယောက်

ဥက္ကဌ - တစ်ခါ ထပ်ပြိုင်မယ် နိုင်အောင် ဘယ်လို လုပ်ရမလဲ။

ကျွမ်းကျင်သူ - ခေါင်းဆောင်တစ်ယောက် အကြံပေး (၆)ယောက် ထိုးသား တစ်ယောက်နဲ့ ထပ်ပြိုင်ပါ။

ထပ်ပြိုင်ခဲ့ရာ ဂျပန်အသင်းက နှစ်မိုင် အသာဖြင့် အနိုင်ရခဲ့သည်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြသည်။)

ဂျက်လင်းယုန်

လင်းယုန်နှစ်ကောင်သည် သူတို့အနီးမှ ဂျက်လေယာဉ် တစ်စင်းသည် ဖြတ်ကျော်သွားသည်ကို မြင်ရစဉ်

ပထမကောင် - ဟေ့ကောင် ကြည့်စမ်း .... ဒီငှက်က အရမ်းမြန်တာပဲ ..။

ဒုတိယကောင်- သူ့အမြီးမှာ မီးလောင်နေတယ်ကွ

ပထမကောင် - ဒါဆို ငါတို့ အမြီးကို မီးလောင်ရင် သူ့လိုပဲ မြန်မှာပဲနော်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြသည်)


Flag Animation



အလံတွေ လေထဲလွှင့်နေသလို လုပ်တဲ့ ဆော့ဝဲလ်ကို လိုချင်လို့ ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ အင်တာနက်ကလဲ ကောင်းကောင်း မရတာနဲ့ Photoshop မှာ လုပ်ကြည့်သေးတယ်။ ထင်သလောက် ကောင်းမွန်စွာ မရရှိဘူး။ adobe premiere တို့နဲ့ လုပ်နည်းတွေတော့ တွေ့တယ်။ ဒီထက် ကောင်းကောင်း မွန်မွန် ဖြစ်ပေမယ့် ကိုယ့်က မလုပ်တတ်တော့ ခက်ပြန်။

ဒါပေမယ့် သည်းကြီးမဲကြီး ရှာလိုက်တာ တွေ့တယ်။ Trail Version ဖြစ်နေလို့ ဒုက္ခရောက်ရပြန်တယ်။ အခုတော့ အဆင်ပြေသွားပြီ။ Crack ဖိုင်ကို သီးခြားရှာပြီး သုံးလိုက်တယ်။ စာဖတ်သူများလဲ လိုအပ်လို့ရှိရင် သုံးစွဲနိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Install လုပ်ပြီး မသုံးပဲ အရင်ဦးစွာ ပိတ်ထားပါ။ Folder ထဲမှာ ပါတဲ့ Patch file လေးကို C: အောက်က Program Files ထဲက Pegtop ဆိုတဲ့ ဖိုင်ထဲကို Past ချပြီး Run လိုက်ပါ။ ပြီးရင် Patch Bottom ကို Click လိုက်ရင် အမြဲတမ်းသုံးစွဲနိုင်ပါတယ်။

ဖုန်းအတွက် ဆော့ဝဲ

1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk  
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk 
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင်  Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebookimo TangoViberSkype
14) မြန်မာစာကီးဘုတ် FrozenKeyboard ၊  mmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန်  MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင်  mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk      

Change Folder Background


 ရဲ့ Folder နောက်ခံတွေ ပြောင်းချင်တဲ့ စာဖတ်သူရဲ့ မေးမြန်းချက်မှာ မိမိသိတဲ့အတွက် ဖြေကြားပေးလိုက်ပါတယ်။ အရင်ဦး မိမိသုံးချင်တဲ့ Folder ကို ဖွင့်ထားပါ။ ဥပမာ- All Data အမည်ရှိ folder တစ်ခုကို ဖွင့်ထားတယ် ဆိုပါတော့။

၁) Control Panel ထဲက folder option ကို ဖွင့်ပါ။ View tab ကို သွားပါ။
၂) show hidden files and folders ကို ရွေးပေးပါ။ apply ။ Ok လုပ်ပါ။
၃) Notepad ကို ဖွင့်ပြီး အောက်က ကုဒ်တွေကို Copy ကူးယူပြီး ထည့်လိုက်ပါ။

[ExtShellFolderViews]
{BE098140-A513-11D0-A3A4-00C04FD706EC}={BE098140-A513-11D0-A3A4-00C04FD706EC}
[{BE098140-A513-11D0-A3A4-00C04FD706EC}]
IconArea_Image=C:\Windows\Greenstone.bmp

၎) desktop.ini အမည်နဲ့ Save လုပ်ပါ။
(အပြာရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိသုံးချင်တဲ့ ပုံလမ်းကြောင်းကို ပြောင်းလဲရမှာပါ)
၅) ပုံက .bmp အမျိုးအစား ဖြစ်ရပါမယ်။
၆) ခုနက ပြောထားတဲ့ folder ထဲမှာ မိမိနောက်ခံပြောင်းချင်တဲ့ desktop.ini ဖိုင်ရော ဓာတ်ပုံပါ ရှိနေရမှာပါ။
၇) ပိတ်ပြီး ပြန်ဖွင့်ရင် folder Background ပြောင်းနေပါလိမ့်မယ်။

နောက်တစ်ခုကတော့ software ကို အသုံးပြုပြီး Change တာပါ။ Download လုပ်ယူပါ။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ရင်း။

မောင်စေတနာ

Window 7 Genuine ပြဿနာ





အင်တာနက် ကွန်နက်ရှင်းက ဒီလထဲမှာ တော်တော်လေးပါတယ်။ ဘလော့ရေးဖို့လဲ ခက်ခဲတယ်။ ဒါပေမယ့် မေးမြန်းထားတဲ့ စာဖတ်သူများအတွက် ကြိုးစားပြီး ဖော်ပြလိုက်ပါတယ်။
Window 7 မှာ Genuine ပြဿနာ ဒါမှမဟုတ် ၀င်းဒိုးအတုလို့ ပြောတဲ့ ပြဿနာကို ဖြေရှင်းရန်အတွက် Window Loader လေးကို ဒေါင်းယူပါ။
ပြီးရင် Window Loader Rar ဖိုင်ကို ဖြည့်လိုက်ပြီး ဆော့ဝဲလ်လေးကို C: ထဲကို Past ချပြီး Run လိုက်ပါ။ ခဏနေပါက Box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီအခါ Install ကို နှိပ်ပြီး မိနစ်ပိုင်းမျှ စောင့်နေပါတယ်။ 
ခဏနေပါက Restart ချရန် မေးပါလိမ့်မယ်။ ချလိုက်ပါ။ window ပြန်တက်လာပါက OK သွားပါလိမ့်မယ်။

  မူရင်း http://mgsaytanar.blogspot.com မောင်စေတနာ

ကူးတာ မြန်ဖို့


တစ်နေ့သ၌ ကျွန်ုပ်သည် ရုံးတွင် ညဂျူတီအချိန်၌ အင်တာနက်သုံးစွဲလေ့ရှိသည့်အခါတိုင်း အမေးထူသည့် မောင်သိန်းဝင်းက ထုံးစံအတိုင်း ကျွန်ုပ်ဆီသို့ ရောက်ရှိလို့ လာပြန်လေ၏။

"ဆရာသမား . . . အေးဆေးပဲ မဟုတ်လား . . ."
"အေးတာမှ ရေခဲကတောင် အဖခေါ်ရမလားပဲ . . ."
"ဒါဆို တစ်ခုတော့ မေးချင်ရဲ့ . . . "
"သိတာပေါ့ မေးတော့မယ်ဆိုတာ . . . မေးလိုရာ မေးပါ"
"ကျွန်တော့် စက်က လေးတာလားတော့ မသိဘူး . . . ဖိုင်တွေ Copy ကူးရင် ကြာနေလို့ . . . နည်းလမ်းလေး ရှိရင် မစပါအုံး"
"အင်း . . . စက်လေးနေရင်တော့ ပေါ့အောင် လုပ်ဖို့ လိုတာပေါ့ . . . ဒါပေမယ့် အခု လောလောဆယ် အဆင်ပြေမယ့် နည်းလမ်းလေး ပေးလိုက်မယ်"

ဖိုင်တွေကို Copy ကူးတဲ့နေရာမှာ အထိုက်အလျောက် မြန်တဲ့ ဆော့ဝဲလ်ဖြစ်သော Tera Copy ကို သုံးရန်၊ စက်မလေးဘဲ ကောင်းမွန်နေသော စက်များပင်လျှင် ၎င်းဆော့ဝဲလ်ဖြင့် Copy ကူးပါက ပိုမြန်ဆန်ကြောင်း၊ သုံးနည်းအနေဖြင့် အကျယ့်တ၀င့် ပြောစရာ မလိုကြောင်း၊ Install လုပ်ပြီးပါက Copy ကူးသည့်အခါတိုင်း ၎င်းဖြင့်သာ ကူးသွားမည် ဖြစ်ကြောင်း ပြောကြားပြီး ဆော့ဝဲလ်ကို ပေးလိုက်လေတော့၏။


ကျွန်ုပ်ကိုယ်တိုင်ပင် လက်ရှိသုံးစွဲနေပြီး ကောင်းမွန်ကြောင်း ပြောကြားပြီး ၎င်းဆော့ဝဲလ် သုံးရာတွင်မှ မမြန်ဆန် သေးလျှင် တစ်ခြားနည်းလမ်းကို ပြောမည်ဟု ပြောကြားပြီး ပြန်လွှတ်လိုက်လေတော့၏။
မူရင်း http://mgsaytanar.blogspot.comမောင်စေတနာ

Recycle Virus နှင့် ခဏတာ

ကျွန်ုပ်သည် အွန်လိုင်းပေါ်တက်ရန် ခက်ခဲခြင်း၊ အလုပ်ဖြင့် ခရီးထွက်ရခြင်းများကြောင့် အွန်လိုင်းပေါ်သို့ မရောက်သည်မှာပင် ကြာညောင်းခဲ့ပြီ။ အချိန်ပြည့် ပို့စ်တင်ချင်ပေမယ့် အခက်အခဲက များလှ၏။

အလုပ်တာဝန်တစ်ခုဖြင့် ရန်ကုန်သို့ ခေတ္တခဏ ရောက်ခိုက်တွင် ကျွန်ုပ်နှင့် အတူတူ ခရီးသွားဖော် မောင်လွင်၏ Flash Drive တွင် Recycle Virus ၀င်ရောက်နေသဖြင့် ကျွန်ုပ်အား ပြသလေ၏။ Flash Drive ကို ကွန်ပျူတာတွင် ဖွင့်ကြည့်ရာ Recycler Folder နှင့် Shortcut ဖိုင် သုံးခုကို တွေ့ရလေ၏။ ၎င်းဗိုင်းရပ်စ်သည် Flash Drive ကို သုံးမရအောင် ဖျက်ဆီးနိုင်ကြောင်း ကျွန်ုပ်မှ ပြောပြရာ မောင်လွင်သည် တော်တော် တုန်လှုပ်သွားခဲ့၏။


ကျွန်ုပ်အသုံးပြုနေသည့် ကွန်ပျူတာတွင် Anti Virus မရှိသည်ဖြစ်ရာ အထူးအရေးပေါ် Free Software တစ်ခုဖြစ်သော Microsoft Security Essentials တွေးမိ၍ အင်တာနက်မှ Download ဆွဲပြီး Recycler Virus ကို အမြစ်ပြတ် တိုက်ဖျက်လိုက်လေ၏။ ၎င်း ဆော့ဝဲလ်ဖြင့် Scan စစ်ပြီးချိန်တွင် Flash Drive တွင် ရှိနေသော Recycler Virus သည် Folder တစ်ခု အနေဖြင့်သာ ရှိနေလေတော့၏။ ထို့နောက် အလွယ်တကူပင် ၎င်း Folder ကို Delete လုပ်လိုက်တော့သည်။

Microsoft Security Essentials သည် Microsoft မှ Free ပေးထားပြီး Virus တော်တော်များများကို ရှင်းထုတ်နိုင်လေ၏။ ကိစ္စအားလုံးပြီးစီးသည်နှင့် Flash Drive ကို ကျွန်ုပ်၏ မိတ်ဆွေ မောင်လွင် လက်ထဲသို့ အကောင်းပကတိ ပြန်လည်အပ်နှံရာ ကျေးဇူးအထူးတင်သဖြင့် မနက်စာကို ဒကာခံ ကျွေးမွေးသွားတော့သည်
 မူရင်း မာင်စေတနာ http://mgsaytanar.blogspot.com

USB Antibody


USB antibody က Memory stick , MP4, JXD, SD Card တွေထဲ ဗိုင်းရပ်စ် ၀င်တာကို ကာကွယ်ပေးတဲ့ ဆော့ဝဲလ်လေးပါ။ ကွန်ပျူတာထဲမှာ Install လုပ်ထားရမှာ ဖြစ်ပြီး မိမိတို့ ဗိုင်းရပ်စ်အန္တရာယ် ကာကွယ်ချင်တဲ့ Memory stick , MP4, JXD, SD Card စတာတွေကို စက်မှာ တပ်ဆင်ပါ။


Memory stick , MP4, JXD, SD Card တွေထဲမှာ ဗိုင်းရပ်စ်၊ ဒါမှ မဟုတ် Autorun.inf ဖိုင်ရှိနေရင် အပေါ်မှာ ကွင်းဝိုင်းထားတဲ့အတိုင်း လုပ်ပြီး Delete လုပ်ရပါမယ်။


ပြီးရင် နောက်ထပ် ဗိုင်းရပ်စ် မ၀င်ရောက်ဖို့အတွက် အပေါ်မှာ ပြထားတဲ့အတိုင်း Install လုပ်ထားပေးရပါမယ်။ ဒါဆို Memory stick , MP4, JXD, SD Card ထဲကို ဗိုင်းရပ်စ်ဝင်ရောက်ဖို့ မလွယ်ကူလောက် တော့ပါဘူး။ ဆော့ဝဲလ်ကို Download လုပ်ယူပါ။

အင်တာနက် အဆ ၂၀ မြန်အောင် လုပ်နည်း

၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။
၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။

နောက်ဆုံးထွက် Android Application 22 မျိုး


http://www.spectrose.com/wp-content/uploads/2012/11/Android-apps.jpg 
နောက်ဆုံးထွက် Android Application တွေကို တစ်နေရာထဲမှာလွယ်ကူစွာဒေါင်းယူနိုင်အောင်စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျာ။ တင်ပေးလိုက်တဲ့ Application တွေကတော့တကယ့်ကို အသုံးတည့်စေမယ့် Application တွေချည်းပါဘဲဗျာ။ ပါဝင်တဲ့ Application တစ်ခုချင်းစီရဲ့ နာမည်ကိုတော့ အောက်မှာဖော်ပြပေး လိုက်ပါတယ်ဗျာ။ ကြည့်လိုက်ပါဦးနော် အကြိုက်တွေ့စေမှာသေချာပါတယ်ဗျာ။

Next Launcher 3D v1.37
AppMonster Pro Backup Restore v2.7.0
[root] Mobile ODIN Pro v3.76
OfficeSuite Pro 7 (PDF & HD) v7.2.1276
Camera FV-5 v1.47
WeatherPro v2.5
Call Recorder (Full) v1.4.2
Android Tuner v0.9.7.5
ZPlayer v3.8.5
Floating Notifications (Full) v1.0.2
City Maps 2Go Pro Offline Maps v3.6.24
Gymrat: Workout Tracker & Log v1.0.6
Snap Camera HDR v3.2.4
My Backup Pro v4.0.0
GLASS APEX/NOVA/GO/SMART THEME v6.0
Handrite Notes Notepad Pro v1.92
LEDBlinker Notifications v4.6.6
Infinite Painter v2.8
BackCountry Navigator PRO GPS v4.9.8
Easy Uninstaller Pro v2.1.1
DW Contacts & Phone & Dialer v2.5.2.0-pro
Press (Google Reader) v1.3.2



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

Saturday 22 June 2013

ဘလော့ Download ယူနည်း

Download ယူနည်းမသိရင် ဘလော့ရဲ့အောက်ဆုံးမှာ Slide Show နဲ့ ပြထားပါတယ်


Facebook က သူငယ်ချင်းတစ်ယောက်တောင်းလို့ တင်ပေးလိုက်တာပါ ..

ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိသုံနေပြီး တော်တော်လေးလည်း သဘောကျတဲ့ ဆော့ဝဲဖြစ်ပါတယ်

ဒီဆော့ဝဲက ကိုယ်သဘောကျတဲ့ ၀က်ဆိုက်တစ်ခုလုံးကို ဒါမှမဟုတ်ရင်လည်း အဲဒီဝက်ဆိုက်ထဲက ကိုယ်သဘောကျတဲ့ ပို့စ်တစ်ခုချင်းစီကို Download ယူထားပြီး အင်တာနက်လိုင်းမရှိပဲ Browser နဲ့ဖွင့်ပြီး အင်တာနက်ရှိနေတဲ့အတိုင်း လေ့လာလို့ရတဲ့ ဆော့ဝဲပဲ ဖြစ်ပါတယ်


ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်

ဒေါင်းပြီးရင် အထဲမှာ exe ဖိုင်နဲ့ keygen ချုံ့ဖိုင်ဆိုပြီး နှစ်ခုတွေ့ရပါမယ်
exe ဖိုင်ကို Install မလုပ်ခင် Antivirus နဲ့ အင်တာနက် ကွန်နက်ရှင်ကို ခဏပိတ်ပေးထားရပါမယ်
Install လုပ်ပြီးရင် ပရိုဂရမ်ကို မ Run စေပဲ ပိတ်လိုက်ပါ
ပြီးရင် keygen ထဲက ဖိုင်ကို C >> Program files >> Inspyder Software Inc >> Inspyder Web2Disk ဆိုတဲ့ ဖိုဒါထဲကို ကူးထည့်လိုက်ပါ ( 64bit အတွက်တော့ Program files အစား Program files (x86) ထဲမှာ ရှာရမှာပါ )
ပြီးရင် keygen ဖိုင်ကို Run လိုက်ပါ



ပွင့်လာတဲ့ထဲက Inspyder Web2disk 3 ဆိုတဲ့ ဆော့ဝဲကိုရွေးပေးပါ
အောက်မှာပေါ်နေတဲ့ထဲက email နဲ့ key ကို ကူးယူထားပြီး Notepad လေးထဲမှာ ဖြစ်ဖြစ် သိမ်းထားပါ
ပြီးရင် အောက်နားလေးက Patch ဆိုတာကို နှိပ်လိုက်ပါ ( ဆော့ဝဲအမျိုးအစားရွေးတာမှားရင် Target မတွေ့ကြောင်း error box တက်လာပါမယ် )
Successful ဖြစ်သွားရင် Exit ကိုနှိပ်ပြီး ထွက်လိုက်ပါ
ပရိုဂရမ်ကို Run လိုက်ပါ
Register လုပ်ခိုင်းပါလိမ့်မယ်
အဲဒီထဲက email နဲ့ Key နေရာမှာ စောဏ က ကူးယူထားတဲ့ email နဲ့ Key ကို ထည့်ပေးလိုက်ပါ
ပြီးရင် Ok ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် Full Version အဖြစ် သုံးလို့ရသွားပါပြီ
ကဲ .. ဘယ်လိုသုံးမှာလဲ ..
လွယ်ပါတယ် .. ပရိုဂရမ်ကို Run လိုက်ရင် အောက်ကပုံအတိုင်း တက်လာပါမယ်



အဲဒီထဲက Root URL အကွက်မှာ ကိုယ် ဒေါင်းချင်တဲ့ ၀က်ဆိုက်ရဲ့ လင့် ဒါမှမဟုတ် ကိုယ်ဒေါင်းချင်တဲ့ ပို့စ်ရဲ့ လင့်ကို ထည့်ပေးပြီး go ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ
Complete ဖြစ်သွားတဲ့အခါ C >> နံမည် >>My Documents >> Website ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ဒေါင်းထားတဲ့လေးတွေ ရောက်နေပါမယ် .. ဒေါင်းယူထားတာတော့ ဖိုင်တွေအများကြီးပဲဗျ ..
ဒါပေမယ့် တစ်ခုမှ ဖျက်ပစ်လို့မရပါဘူး .. Offline အတွက် အထောက်အပံ့ပေးမယ့် ဖိုင်တွေမို့ပါ
အဲဒီဖိုင်တွေထဲက အပြင်မှာရှိနေတဲ့ စာရွက်ပုံ xml / html ဖိုင်လေးကို Right click နှိပ် Open with ... Mozilla Firefox ( ဒါမှမဟုတ် ကိုယ်သုံးတဲ့ Browser ပေါ့ ) အဲဒီလိုဖွင့်လိုက်တာနဲ့
အင်တာနက်ဖွင့်ပြီး ၀က်ဆိုက်ထဲမှာ ၀င်ရောက်လေ့လာနေသလိုပဲ မြင်တွေ့ရပါလိမ့်မယ်
ကဲ .. အဆင်ပြေကြပါစေဗျာ

အင်တာနက် ဒေါင်းလုဒ်စပိကို မြှင့်မယ်

IDM ရဲ့ အင်တာနက် ဒေါင်းလုဒ်စပိကို မြှင့်မယ်

ဒီပို့စ်လေးကို ရေးရတာ ကျွန်တော် တော်တော်ကြည်နူးမိပါတယ် ..
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ အင်တာနက်ကွန်နက်ရှင်ကြောင့်
အွန်လိုင်းမှာရှိတဲ့ ဖိုင်တွေကို ဒေါင်းယူတဲ့နေရာမှာ မကြာသင့်တဲ့အချိန်တွေ ပိုကြာသွားပြီး
လိုင်းအသုံးပြုခတွေ ပိုပြီး ကုန်ကျနေရတဲ့ သူငယ်ချင်းတွေအတွက်
တိုက်တစ်လုံး ကားတစ်စီးမဟုတ်ရင်တောင် အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ကူညီနိုင်ရာရောက်လို့ပါ ..
အင်တာနက်အသုံးပြုသူ တော်တော်များများဟာ Internet Download Manager ကို အသုံးပြုကြတဲ့သူက
တော်တော်များပါတယ် ..

အဲဒီ IDM ကိုပဲ Download Speed မြှင့်တင်ပေးမယ့် ဆော့ဝဲကို မျှဝေပေးမှာပါ ..
ကျွန်တော် ရဲရဲကြီး အာမခံနိုင်တာကတော့ ဒီဆော့ဝဲလေးကို Run ပြီးပြီဆိုတာနဲ့
သူငယ်ချင်းတို့ရဲ့ IDM ဟာ အရင်က လုံးဝမမြင်ဖူးခဲ့တဲ့ Download Speed ( Transfer Rate )  နဲ့
ဖိုင်တွေကို သေချာပေါက် ဒေါင်းယူပေးနိုင်မှာဖြစ်တယ်ဆိုတာပါပဲ ..
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..




ဒေါင်းလို့ပြီးသွားပြီဆိုရင် ရလာတဲ့ဖိုင်လေးကို ဖြည်လိုက်ပြီး အထဲမှာရှိတဲ့ IDMOptimizer ဆိုတဲ့ exe ဖိုင်လေးကို Run လိုက်ပါ
အဲဒီအခါ အောက်မှာ ပြထားတဲ့ပုံအတိုင်း ပွင့်လာပါမယ် ..


အဲဒီထဲက Maximizw now ကိုနှိပ်ပေးလိုက်ရင် .. ခဏလေးကြာတဲ့အခါ အောက်မှာပြထားတဲ့ ပုံအတိုင်း ပွင့်လာပါမယ်


အဲဒီထဲက Ok ကိုနှိပ်ပေးလိုက်ပါ ..
ပြီးသွားရင် IDM ကို Restart ချပေးဖို့ လိုပါတယ် ..
ဒါကြောင့် Desktop ရဲ့ ညာဖက်အောက်ဒေါင့်နားက အလံပုံလေးနားက အပေါ်မြှားကိုနှိပ်ပြီး ပွင့်လာတဲ့ထဲက
IDM ရဲ့ အိုင်ကွန်ပုံလေးကို Right Click နှိပ်လိုက်ပါ .. ပွင့်လာတဲ့ထဲက exit ကို နှိပ်ပေးလိုက်ပါ



ပြီးပြီဆိုရင် Windows ရှိတဲ့ partition ( များသောအားဖြင့် C ပေါ့ ) ကိုဖွင့်ပါ ..
Programs ဖိုလ်ဒါကိုထပ်ဖွင့်ပါ
အဲဒီထဲမှာ Internet download manager ဆိုတဲ့ ဖိုလ်ဒါကို ရှာပြီး ဖွင့်ပါ ..
ပွင့်လာတဲ့ထဲက IDM ရဲ့ အိုင်ကွန်ပုံလေးနဲ့ application ဖိုင်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ ..


ကဲ .. ဖိုင်တစ်ဖိုင်လောက်ကို စမ်းပြီး ဒေါင်းလုဒ်ဆွဲကြည့်လိုက်ပါ ..
Transfer Rate မှာ ဘယ်လောက်B/sec နှုန်းနဲ့ ဒေါင်းနေလဲဆိုတာကို တစ်ချက်ကြည့်လိုက်ပါ ..
အံသြခြင်းနဲ့ ၀မ်းသားခြင်းကို တစ်ပြိုင်နက်တည်း ခံစားသွားရပါလိမ့်မယ် ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

Internet Download

Internet Download Manager 6.12 ကို Full Version ဖြစ်အောင် Crack ကြမယ်



Internet Download Manager နဲ့ပတ်သက်ပြီး ကျွန်တော့်ကို မေးတဲ့လူများနေလို့ အတတ်နိုင်ဆုံး ရှင်းပြလိုက်ပါတယ် .. ဒါပေမယ့် ကျွန်တော်က  နယ်မြို့လေးတစ်မြို့မှာ နေတာဖြစ်တဲ့အတွက်
 ဆော့ဝဲတွေနဲ့ပတ်သက်ရင် Final Version တွေကို တင်ပေးနိုင်ဖို့တော့ အခက်အခဲရှိပါတယ် ..
တစ်ခြားဘလော့တွေမှာ တင်ထားတဲ့ ဆော့ဝဲတွေကိုလည်း ပြန်ဒေါင်းဖို့မလွယ်တဲ့ ကွန်နက်ရှင်နဲ့
အင်တာနက်ကိုသုံးနေရတာဖြစ်တဲ့အတွက် လင့်လေးကိုပဲယူပြီး ချိတ်ပေးလိုက်ရင် ဖြစ်ပေမယ်
သက်ဆိုင်ရာ ဘလော့ပိုင်ရှင်တွေကို လေးစားတဲ့စိတ်ကြောင့် မလုပ်ချင်ပါဘူး ..
ဘာပဲဖြစ်ဖြစ် အခက်အခဲတစ်ခုကို အဆင်ပြေသွားဖို့က အဓိကဖြစ်တာမို့ ကျွန်တော့်မှာ ရှိထားပြီးသား
Version တွေကိုပဲ တင်ပေးလိုက်ပါတယ် .. Latest မဖြစ်ပေမယ့် Most Comfortable တော့ ဖြစ်ရပါစေ့မယ် .. :D
ကဲ … ပထမဆုံး အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ
နောက်ထပ် လုပ်ရမှာက သူငယ်ချင်းတို့ဆီမှာ Install လုပ်ထားပြီးသား Internet Download Manager က Version 6.12 မဟုတ်ရင်တော့ အရင်ဆုံး Uninstall လုပ်လိုက်ပါ .. 
Uninstall လုပ်တဲ့အခါ တက်လာတဲ့ Box ထဲမှာ Default မှာပဲ အမှတ်ခြစ်ပေးထားတဲ့အတိုင်း Uninstall လုပ်လိုက်ပါ .. Uninstall လုပ်ပြီးရင် Restart တောင်းပါလိမ့်မယ် .. OK ပေးလိုက်ပါ
ပြီးရင်တော့ .. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ရင် ဖိုင်နှစ်ဖိုင်ရလာပါမယ် .. အဲဒီထဲက IDM 6.12 setup ဆိုတဲ့ဖိုင်လေးကို run ပြီး install လုပ်လိုက်ပါ .. Install လုပ်ပြီးတာနဲ့ Restart လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ် ..
ဝင်းဒိုး ပြန်တက်လာတဲ့အခါ Internet Download Manager က အလိုလို Run ပါတယ် .. သူနဲ့ပတ်သက်ပြီး တက်လာသမျှ Box တွေကို Cancel လုပ် .. ဒါမှ မဟုတ်ရင်လည်း ပိတ်ပေးပါ ..(တက်ချင်မှလည်း တက်ပါမယ် )
ပြီးရင် .. သူငယ်ချင်းတို့ရဲ့ Desktop ညာဖက်အောက်ဒေါင့်နားလေးမှာရှိတဲ့ (အလံလေးနားမှာ) Pop Up Arrow လေးကိုနှိပ်လိုက်ရင် တက်လာတဲ့ထဲက Internet Download Manager ရဲ့ Tray Icon ပုံလေးကို Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက exit ကို နှိပ်ပေးလိုက်ပါ (Internet Download Manager ကို ပိတ်လိုက်တာပါ) အဲဒီလို မလုပ်ရင် ကျွန်တော်တို့ Internet Download Manager ကို Patch ချိုးလို့ လုံးဝ အောင်မြင်မှာမဟုတ်ပါဘူး .. ပိုပြီးရှင်းအောင် အောက်မှာ ပုံလေးပြထားပါတယ် ..
ပြီးရင် Desktop ပေါ်မှာရှိတဲ့ Internet Download Manager ရဲ့ Icon လေးကို Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက Open file location ကိုနှိပ်လိုက်ပါ .. (အဲဒီလိုလုပ်ဖို့ အခက်အခဲရှိတယ်ဆိုရင်လည်း C ကိုဖွင့် Programs ဆိုတဲ့ဖိုလ်ဒါကိုဖွင့် Internet Download Manager ဆိုတဲ့ဖိုလ်ဒါကိုဖွင့် .. )
ပြီးရင် ဒေါင်းလို့ရလာတဲ့ ဖိုင်ထဲက Patch ဆိုတဲ့ဖိုင်လေးကို သူ့အရင်ဖွင့်ထားနှင့်ပြီးသားဖြစ်တဲ့ Internet Download Manager ဖိုလ်ဒါထဲကို Drag and Draw ဆွဲထည့်လိုက် .. (မလုပ်တတ်ရင်လည်း အဆင်ပြေသလို ကော်ပီယူပြီး ထည့်ပေးလိုက်ပါ) အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်


Administrator Prompt Box တက်လာပြီး သတိပေးတဲ့အခါ .. Replace ကိုနှိပ် Continue ကို နှိပ်ပေးလိုက်ပါ .. အဲဒီ Patch ဖိုင်လေး Internet Download Manager ရဲ့ ဖိုလ်ဒါထဲရောက်သွားတာကို သေချာစစ်ကြည့်ပါ .. သေချာပေါက် ရောက်သွားပြီဆိုရင် အဲဒီဖိုင်လေးကို Double Click နှိပ်ပြီး Run ပေးလိုက်ပါ .. အဲဒီအခါ အောက်မှာပြထားသလို ကျွန်တော့်လောက်နီးပါး ချောမောခန့်ညားတဲ့ ပုံလေးတက်လာပါလိမ့်မယ် .. 

:P
အဲဒီပုံလေးထဲက Patch ဆိုတာလေးကို နှိပ်ပေးပြီး ခဏစောင့်လိုက်ပါ .. အထက်က အဆင့်တွေအားလုံး မှန်ခဲ့မယ်ဆိုရင် အောက်မှာပြထားတဲ့ပုံအတိုင်းတက်လာပါမယ် .. 

ပထမတစ်ပုံရဲ့ First name အကွက်မှာ ကြိုက်တဲ့နံမည်ကို ထည့်ပြီး OK ကိုနှိပ်ပါ .. နောက်ထပ် အဲဒီလိုပုံထပ်တက်လာပြီး Last name မှာလည်း ကြိုက်တဲ့ နံမည်ကို ထည့်ပြီး OK ကို နှိပ်ပေးလိုက်ပါ ..
အဲဒီအခါမှာ အောက်ကပုံအတိုင်း သူငယ်ချင်းတို့ Patch ချိုးတာ အောင်မြင်သွားတဲ့အကြာင်း ပုံလေးတက်လာပါမယ် .. 
ပြီးရင်တော့ exit လေးကို နှိပ်ပေးလိုက်ပါ .. ပြီးရင် Restart တောင်းရင် ပေးလိုက်ပါ .. မတောင်းလည်း Restart လုပ်ပေးလိုက်တာက ပိုကောင်းပါတယ် ..  
ဝင်းဒိုးပြန်တက်လာတဲ့အခါ .. Online မှာ Update တွေ ထွက်နေတဲ့အကြောင်း Download လုပ်ဖို့ Box လေးတက်လာပါမယ် .. ပိတ်ပစ်လိုက်ပါ .. မပိတ်ပဲ .. ဒေါင်းလိုက်မိရင် ကျွန်တော်တို့ Full Version မဖြစ်နိုင်တော့ပါဘူး .. 
အားလုံးငြိမ်သွားပြီဆိုရင်တော့ Desktop ပေါ်က Internet Download Manager ရဲ့ Icon လေးကို Double Click နှိပ်ပြီး ဖွင့်လိုက်တဲ့အခါ .. အောက်ကပုံလေးအတိုင်း သူငယ်ချင်းတို့ရဲ့ ဆော့ဝဲလေးဟာ Full Version ဖြစ်နေတာကို တွေမြင်ရမှာ ဖြစ်ပါတယ် .. 

(တစ်ကယ်တော့ .. သူငယ်ချင်းတို့ဟာ အထက်ကလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ Cracker တစ်ယောက်ဆန်ဆန် .. ဆော့ဝဲတစ်ခုကို Full Version ဖြစ်အောင် ကိုယ်တိုင် Crack လိုက်တာပါပဲ ..)

နည်းပညာလေ့လာနေတဲ့ သူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်


Internet download manager full version key

internet download manager ကိုတော့ လူတိုင်းလိုလို သိကြပါလိမ့်မယ် ။ ကီးထည့်ပုံထည့်နည်းတွေက လဲ ဘလော့တိုင်းလိုလို မှာရောဆိုဒ်တိုင်းလိုလို မှာပါ ပလူပျံ နေအောင်တင်ကြတာတွေ့ ရပါတယ် ။ အဲထဲမှာ တချို့ ကတော့ တကယ် အလုပ်ဖြစ်ပါတယ် ဒါပေမဲ့ အရမ်း ရှုပ် ထွေးနေတော့ထည့်လို့ မရတဲ့ သူတွေ များနေပါသေးတယ် ။ နောက်ပြီးတစ်ချို့  ဆိုဒ်တွေမှာ တင်တဲ့ အခါမှာလဲ Download လင့်က အလုပ်လုပ် သလား သေနေလားဆိုတာ ကို မစစ်ဆေးပဲ ဟိုဘက်ဆိုဒ်မှာ တွေ့ လို့ သဘောကျလို့  ငါလည်းတင်မယ် ဆိုပြီး ကိုယ်တိုင် မလုပ်ကြည့် မစမ်းကြည့်ပဲ လျှောက်တင်တဲ့ လူတွေကလဲ များသားကလား ။ တချို့ ကျပြန် တော့Patchဟတ်ဆော့ဝဲ လေးတွေနဲ့ တင်ကြပြန်ရဲ့ အဲဒါမျိုးတွေ ကို ကွန်ပြူတာထဲ ထည့်လို့ ကတော့ Antivirus ကို မသုံးပဲ ပိတ်ထား ရပြန်ရော .... ။
 Patch လေးနဲ့  Full ဖြစ်အောင် လုပ်တဲ့ နည်းကို တကယ်ကြိုက်ပါတယ် ။ ဒါပေမဲ့ Antivirus ပိတ်နေရတာတော့သိပ်တော့မမိုက်ဖူးပေါ့နော် ... ။ နောက်ပြီး Update လုပ်ရင် ကီးပြန်တောင်းတောင်းနေတော့ မမိုက်ပြန်တော့ဘူးပေါ့ ။ ကျွန်တော့ ခုတင်ပြမဲ့  IDM Full ဖြစ်အောင်လုပ်တဲ့ နည်းက hosts ဖိုင်လေးကို  system 32 ထဲထည့်ပြီး Register လုပ်တဲ့နည်းပါ ။ တစ်ခါ Register လုပ်ပြီးရင် နောက်ထပ် Update ထပ်လုပ်လဲ နောက်ထပ်ကီး မတောင်းတော့အတွက် တကယ် အဆင်ပြေပါတယ် ။   တကယ်လဲ ထိရောက်ပါတယ် ။ လွယ်လဲလွယ်ကူ လှတလို ပုံတွေ နဲ့ လဲ အသေးစိပ် ဖေါ်ပြ ပေးထားတဲ့ အတွက် လူပိန်းတွေတောင် လုပ်တတ်မှာပါ ။

1 .Download အရင်ဆွဲပါ ။

ပြီးသွားရင် ဆော့ဝဲကို အင်စတော လုပ်လိုက်ပါ ။ Register လုပ်ဖို့ တောင်းလာလိမ့်မယ် ခဏဖယ်ထားလိုက်ပါ ။
2 .  ဒေါင်းထားတဲ့ဖိုင်ထဲ က  hosts ဆိုတဲ့ဖိုင်လေးကို Copy လုပ်လိုက်ပါ ။
3 .ပြီးရင် Start ကိုဝင် My Computer  ကိုဖွင့်ပါ ။
4. Local Disk ကို ထပ်ဖွင့်ပါ ။
 5. WINDOWS ကိုဖွင့်ပါ ။
6 .system 32 ကိုဖွင့်ပါ ။
7.  drivers ကိုထပ်ဖွင့်မယ် ။
8. etc ကိုထပ်ဖွင့်ပါ ။
 9. Paste လုပ်ပါ ။
10 .Yes ကိုနှိပ်ပေးပါ ။ ပြီးရင် ပိတ်လိုက်တော့ ။ 
11 . ခုinternet download manager မှာ Register ကီးထည့်တော့မယ် ။ ကျွန်တော် ပေးထားတဲ့ Notepad ထဲကကုဒ်တစ်ခုကို Copy ကူးလိုက်ပါ ။
12 . အောက်ပါ အတိုင်း ပုံစံ ဖြည့်ပေးပြီး ok နှိပ်ပေးပါ ။

13 . ထပ်ပြီး ok ကိုနှိပ်ပေးလိုက်ပါ ။
ခုဆိုရင် internet download manager မှာ ကီးထည့်ပြီး သွားပြီးဖြစ်တဲ့အတွက် full version ဖြစ်သွားပါပြီ ။

ဒေါင်းချင်တာတွေ ကို ဒေါင်းချင်သလောက် ဒေါင်းပေတော့ဗျာ ။
အဆင်မပြေတာရှိရင် အောက်မှာအော်သွားပါ ။

ရည်းစားစာ ရေးနည်း

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်းရေခင်းပြတယ်၊
 ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာမင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။
အခုအချိန်မှာ ၀က်ဖြစ်မှတော့မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။
မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး
 ဖြစ်မနေပါနဲ့လို့။ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာအလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ဒါပေမဲ့ပြောလိုက်ပါ။
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။
သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်
ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့
ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊
ကြွက်သေတစ်ခုအရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့
ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။
ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း
အမမှန်းတောင်မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက်
 ချေးကောက်စားဆိုတဲ့သူမျိုးပါ။ထားလိုက်ပါလေ။ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။
တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်
ဝက်တပ်ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်
ဆိုကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့်ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။
တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင်
မြားတစ်စင်းဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။
အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ
ငါးပွက်ရာငါးစာချဖို့ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင်
ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါနွားကျားကိုက်ဆိုတဲ့အချိန်၊
ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့မင်းအဖေအော်နေဦးမှာ။
အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့
မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။
မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။  ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့ ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။
မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ။
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။
အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး
Styleမျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။တကယ်တမ်းဆိုရင်.
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို
နာတာရှည်လားချည်းလာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့
ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ်... စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားပါ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။
ဒါမှမဟုတ်များ...ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။
မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်ကို…“နွား သွားဖြဲကြည့်မနေပါနဲ့”လို့။ မကောင်းပါဘူးလေ။
နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့မှာ။
ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
 
ရည်းစားစာ ရေးနည်း
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ကြုံရင်ပြောလိုက်စမ်းပါ။
ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီးမြင်းရံစေချင်တာကို ကိုယ်သိပါတယ်။
ဒီတော့ မျောက်သားစားချင်မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။
တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။
မင်းမရှိတဲ့ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ..ကိုယ်ဟာ...
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ။
တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်

ဘယ်သီချင်း နားထောင်မလဲ

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


http://wunthozinko.blogspot.com အားပေးသူအားလုံး နေကောင်းပါစေ ရည်းစားနဲ့ အဆင်ပြေပါစေ zinko740@gmail.com

glitter link generator

ဝန်းသို (စော်ဘွားမြေ) ဇင်ကို

 
Twitter Bird Gadget