Tablet PC တွေမှာ အကြောင်းအမျိုးမျိုးကြောင့် Pattern lock မမှတ်မိသူများအတွက် PC ကနေ Command prompt ကိုသုံးပြီး Pattern lock ဖြေနည်းကိုတင်ပြပေးလိုက်ပါတယ်။ အရှင်းလင်းဆုံးဖြစ်အောင် အောက်မှာ Movie လေးနဲ့ပါရှင်းပြပေးထားတယ်။ စာဖတ်ရတာအဆင်မပြေရင်
အောက်မှာ Movie လေးကြည့်ပြီးတော့ လုပ်ကြည့်ပါ။ အရင်ဆုံးလိုအပ်တာကတော့ ...
Download Tablet PC drivers
ပါပဲ။ အပေါ်မှာဒေါင်းလိုက်ပါ။ ပြီးရင်အောက်ကအဆင့်အတိုင်းသွားလိုက်ပါမယ်။..
USB cable ကို ကွန်ပြူတာနဲ့ချိတ်ဆက်ထားပါ။ ပြီးရင် My Computer icon ပေါ်မှာ right click နှိပ်ပြီး
Manage option ကိုနှိပ်ပါ။ ပြီးရင် Device Manager ကိုနှိပ်ပါ။(အောက်ဆုံးနားမှာ)
ပြီးရင် “Other devices” ဆိုတဲ့အောက်မှာ “Android“ ပေါ်မှာ Right click နှိပ်ပြီး “Update driver“
ဆိုတာကိုနှိပ်လိုက်ပါ။ ပြီးရင်အောက်အဆင့်တွေရောက်လာပါမယ်...
1. Select automatically for updated driver software.
2. Browse My computer for driver software.
တကယ်လို့ အင်တာနက်ကွန်နရှင်ရှိရင်တော့ တစ်ခါတည်းဒေါင်းလော့စ်ဆွဲသွင်းလိုက်လို့ရပါတယ်။
မရှိတဲ့သူတွေကတော့ အပေါ်မှာပေးထားတဲ့ ဒေါင်းလော့စ်အရင်ဆွဲထားပြီး Desktop ပေါ်မှာထားလိုက်ပါ။
ပြီးရင် ခုနမေးတဲ့အဆင့်မှာ “Browse My computer for drivers software“ ကိုရွေးပေးလိုက်ပါ။
ပြီးရင် ဒေါင်းထားတဲ့ဖိုင်ကိုသွားယူပေးလိုက်ပါ။
drivers ကို install ပြးသွားရင် command prompt ကိုဖွင့်ပါမယ်။ Run ကနေ cmd လို့ရိုက်ပြီး enter
ခေါက်လိုက်ပါ။ ဒါဆိုရင် command prompt ရဲ့ location က downloaded drivers location အဖြစ်
changeဖို့အတွက် “cd
ပြီးရင်ကျွန်တော်တို့ command adb shell လို့ရေးပြီး enter ခေါက်လိုက်ပါ။ ပြီးရင် command rm /data/system/gesture.key လို့ရိုက်ပြီး enter ခေါက်လိုက်ပါ။အောက်မှာကြည့်ပါ..
အိုခေ..ဒါဆိုရင်တော့အားလုံးအိုကေသွားပါပြီ Your tablet pc will get unlocked.
အောက်မှာ Movie လေးကြည့်လိုက်ပါနော်...
Tablet PC တွေမှာ factory reset ချနည်းကိုမကြာခင်တင်ဆက်ပေးသွားပါမယ်......
ယနေ့မှစပြီးကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့
ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။
အစ်ကို ကျွန်တော့်ကို အဆင်ပြေရင် တစ်ခုလောက် ကူည်ီပေးပါ.လား Adb shell comment ရေးနည်း စာအုပ်လေး link လေးရှိရင် မစပေးပါ့လား အစ်ကို ကွှန်တော်က ခုမှလေ့လာနေတုန်း မို့လို့ပါ အဆင်ပြေရင် အစ်ကို ကူည်ီပေးပါနော် :-)
ReplyDeleteကျေးဇူးပါ....
ReplyDeleteဆက်လက် ရေးသားပေးပါအုံး