မိမိကွန်ပျူတာမှာ တစ်ခါတစ်လေ အကြောင်းအမျိုးမျိုးကြောင့် CD/DVD Drive
ပျောက်သွားမယ်ဆိုရင် ဘယ်လိုပြန်ဖော်မလဲဆိုတာ ကျနော် ကြုံတွေ့ရလို့
ပြန်လည်မျှဝေတာပါ။ ဒါက vista window သုံးသူများအတွက် ပါ။ တကယ်လို့
ဒီလိုဖြစ်ခဲ့ရင် ဖြေရှင်းတဲ့နည်းလေးပါ။
- နည်းလမ်း(၁)
- System restore ပြန်လုပ်တဲ့နည်း။
ထုံးစံအတိုင်း search box မှာပဲဖြစ်ဖြစ်၊ all program>
accessories> system tool> system restore ကိုပဲဖြစ်ဖြစ် ဖွင့်ပြီး
system restore လုပ်ပါ။
- နည်းလမ်း(၂)
- My computer မှ right click> manage>
box တစ်ခု ပေါ်လာရင် Device manager ကို click နှိပ်ပါ။ နောက် CD/ DVD
Drive အောက်က CD/DVD Device ကို right click> uninstall လုပ်ပါ၊
တကယ်လို့ enable +Disable အကွက်မှာ enable ဖြစ်နေရင် Disable ပေးပြီး
ကွန်ပျူတာကို restart လုပ်ပါ။
- နည်းလမ်း(၃)
- အပေါ်က (၂) နည်းနဲ့ အဆင်မပြေရင် registry
editor မှာ ဖိုင်ကို ၀င်ဖျက်တဲ့နည်းပါ။ ဒီနည်းကတော့ registry မှာ
ဝင်ဖျက်မှာ ဖြစ်တဲ့အတွက် သတိထားရပါမယ်။ ဒီအဆင့်မ၀င်ကို file backup
လုပ်ထားပါ။ကျနော့် laptop မှာတော့အပေါ်က နည်းလမ်းများနဲ့ မရဘဲ ဒီနည်းနဲ့
အဆင်ပြေသွားပါတယ်။ win+R> run> regedit> Hkey local machine>
system>current control set>control> class
>{4D36E965-E325-11CE-BFC1-08002BE10318}
- ဒီဟာလေးကို တွေ့အောင်ရှာပါ။
- ပြီးရင် select လုပ်ပါ။ နောက် ဘေးဘောက်စ်
ထဲမှာ lower fliters နဲ့ upper filters ဆိုတာ တွေ့ရင် lower filters ကို
right click နှိပ်ပြီးတော့ Delete လိုက်ပါ။ restart လုပ်ပါ။ CD/ DVD
Device ပြန်ပေါ်လာလိမ့်မယ်။
0 comments:
Post a Comment