ဇင်ကို ၏ နည်းပညာမှတ်စုမှ လှိုက်လှဲစွာကြိုဆိုပါသည်

Saturday 23 February 2013

ကဗျာ

အလိုချင်ဆုံး ချစ်သူ

ကျနော် ပိုက်ဆံ ၁၀၀ပိုင်ဆိုင်တဲ့  အခါ
ပြုံးပြုံးလေးနေတဲ့  ချစ်သူထက်

ကျနော် တပြားမှ မရှိတဲ့  အခါ
မဲ့ မဲ့ လေး မနေတဲ့  ချစ်သူကို ပိုအလိုရှိပါတယ်.....

ကျနော် မချမ်းသာဘူးနော်လို့ ပြောတဲ့  အခါ
သိပါတယ်ဆိုတဲ့  ပြောတဲ့ စကားလုံးတွေထက်

ကျနော် ဆင်းရဲတဲ့  အခါလည်း
အနားမှာရှိနေမှာပါ ဆိုတဲ့  ချစ်သူကို ပို အလိုရှိပါတယ်.....

ကျနော်တို့  ဝေးဝေးနေတဲ့  အခါ
လွမ်းတယ်လို့  အချိန်တိုင်းပြောနေတဲ့  ချစ်သူထက်

ကျနော်တို့  ပြန်ဆုံစည်းကျတဲ့  အခါ
ကျနော်တစ်ယောက်တည်းကိုပဲစောင့်နေရှာတဲ့  ချစ်သူကို ပို အလိုရှိပါတယ်..........

ကျနော်တို့ လွမ်းလို့ ဖုန်းတွေဆက်ကျတဲ့  အခါ
ခုမှဘာလို့ ဆက်တာလဲ ဆိုတဲ့  မေးခွန်းတွေမေးတဲ့ ချစ်သူထက်

ကျနော်တို့  ဆက်သွယ်မူ့လေးတွေရတဲ့ အခါ
မအားတဲ့ ကြားထဲ က ဖုန်းဆက်ပေးလို့ ကျေးဇူးပါနော်ဆိုတဲ့ 
စကားလုံးလေးတွေပြောတဲ့ ချစ်သူကို ပို အလို ရှိပါတယ်.............

ကိုယ်စိတ်နဲ့ တောင်အရာရာတိုင်းထပ်တူမကျနိုင်တဲ့  ဘ၀ကြီးမှာ
ကိုယ်ကို အရမ်းနားလည်ပေးနိုင်တဲ့  ချစ်သူတစ်ယောက်ရခဲ့ ရင်....
လွယ်လွယ် စွန့် ပစ်ဖို့  မတွေးတေားမိပါစေနဲ့ ....
တခါပဲ ရခွင့်ရှိတဲ့  အခွင့်အရေးက
ဒုတိယတကြိမ်လောက်တောင် ကောင်းတော့ မယ်မထင်ဘူး...
အနည်းဆုံးရင်ခုန်မူ့တွေကင်းမဲ့ နေတာမျိုးပေါ့.....

(ပုံရိပ်စစ်)

ကျနော် ပိုက်ဆံ ၁၀၀ပိုင်ဆိုင်တဲ့  အခါ
ပြုံးပြုံးလေးနေတဲ့  ချစ်သူထက်

ကျနော် တပြားမှ မရှိတဲ့  အခါ

မဲ့ မဲ့ လေး မနေတဲ့  ချစ်သူကို ပိုအလိုရှိပါတယ်.....

ကျနော် မချမ်းသာဘူးနော်လို့ ပြောတဲ့  အခါ
သိပါတယ်ဆိုတဲ့  ပြောတဲ့ စကားလုံးတွေထက်

ကျနော် ဆင်းရဲတဲ့  အခါလည်း
အနားမှာရှိနေမှာပါ ဆိုတဲ့  ချစ်သူကို ပို အလိုရှိပါတယ်.....

ကျနော်တို့  ဝေးဝေးနေတဲ့  အခါ
လွမ်းတယ်လို့  အချိန်တိုင်းပြောနေတဲ့  ချစ်သူထက်

ကျနော်တို့  ပြန်ဆုံစည်းကျတဲ့  အခါ
ကျနော်တစ်ယောက်တည်းကိုပဲစောင့်နေရှာတဲ့  ချစ်သူကို ပို အလိုရှိပါတယ်..........

ကျနော်တို့ လွမ်းလို့ ဖုန်းတွေဆက်ကျတဲ့  အခါ
ခုမှဘာလို့ ဆက်တာလဲ ဆိုတဲ့  မေးခွန်းတွေမေးတဲ့ ချစ်သူထက်

ကျနော်တို့  ဆက်သွယ်မူ့လေးတွေရတဲ့ အခါ
မအားတဲ့ ကြားထဲ က ဖုန်းဆက်ပေးလို့ ကျေးဇူးပါနော်ဆိုတဲ့ 
စကားလုံးလေးတွေပြောတဲ့ ချစ်သူကို ပို အလို ရှိပါတယ်.............

ကိုယ်စိတ်နဲ့ တောင်အရာရာတိုင်းထပ်တူမကျနိုင်တဲ့  ဘ၀ကြီးမှာ
ကိုယ်ကို အရမ်းနားလည်ပေးနိုင်တဲ့  ချစ်သူတစ်ယောက်ရခဲ့ ရင်....
လွယ်လွယ် စွန့် ပစ်ဖို့  မတွေးတေားမိပါစေနဲ့ ....
တခါပဲ ရခွင့်ရှိတဲ့  အခွင့်အရေးက
ဒုတိယတကြိမ်လောက်တောင် ကောင်းတော့ မယ်မထင်ဘူး...
အနည်းဆုံးရင်ခုန်မူ့တွေကင်းမဲ့ နေတာမျိုးပေါ့.....

(ပုံရိပ်စစ်)

"""" နှုတ်ဆက်ခြင်း """

မဖြစ်နိုင်တဲ့ ဘ၀နှစ်ခုအတွက်
စိတ်ကူးနဲ့ ညီမျှခြင်းချလို့
ငါ့အိမ်မက်တွေထဲ ပြုံးနေမိခဲ့ဖူးတယ် ..
အခုတော့ -
နာကျင်ကြေကွဲမှုတွေသာ ကျန်ရစ်ပေါ့ ~~~~~

မဆုံးနိုင်တဲ့ သံယောဇဉ်မြစ်ထဲ စီးမျောရင်း
အမှတ်တမဲ့ ငါလန့်နိုးချိန်မှာတော့
ငါ့ အာခေါင်တွေက ခြောက်ကပ်နေတယ် ..
ငါ့ မျက်လုံးတွေက မျက်ရည်တွေကျနေတယ် ..
ငါ့ နှလုံးသားက တဆက်ဆက် နာကျင်နေတယ် ~~~~~

အော် .. ချစ်ရသူရယ်
ဒီဘ၀ မဖြစ်နိုင်လို့ ဒီမျှနဲ့ နှုတ်ဆက်လိုက်ပါတယ် ..
နှလုံးသားတံခါးကိုပိတ်လို့
ကံတရားရဲ့ ဆုံးဖြတ်ချက်အတိုင်း ငါခရီးဆက်ရတော့မယ်လေ ~~~~~

အိပ်မရညတွေထဲ အတိတ်ည အိမ်မက်ဆိုးတွေလည်း
ထပ်မမက်ချင်တော့ဘူး ..
လွမ်းရတဲ့ ငါ့ဘ၀ နေ့ရက်တွေကို ဖြေသိမ့်ဖို့တစ်ခုထဲအတွက်
မင်းဘ၀ကို မစွန်းထင်းစေချင်တော့ဘူး ...
မင်း အဆိပ်သင့်မှာ စိုးရိမ်မိတယ် ~~~~~

နှုတ်ဆက်တယ်နော် မင်းဘ၀ ထာဝရ နေ့ ညတိုင်း လှပနိုင်ပါစေ ~~~~~


(အောင်ကျော်မြင့်- akmyint.kooo@gmail.com)

““““ ချစ်ရသူသို့ ””””

ကန့်သတ်ချက်တွေနဲ့ ဒီဘ၀အတွက်
နှလုံးသားတံခါးကို သော့ခတ်လို့
ငါ့ညတွေထဲ ဖော်မပြတတ်တဲ့ ဝေဒနာ တစ်စုံနဲ့အတူ
မျက်စိကိုမှိတ် တိတ်တိတ်လေး တွေးနေမိတယ်
မင်း အကြောင်းတွေကိုပေါ့ ချစ်ရသူရယ် ........

ဘာကြောင့်လဲ ဆိုတာကို ရှင်းမပြချင်ဘူး
ဘယ်လောက်ချစ်လဲ ဆိုတာကို ပြောမပြတတ်ဘူး
ဘယ်အချိန်ထိ နာကျင်ရဦးမှာလဲ ဆိုတာကို ငါကိုယ်တိုင်မသိဘူး
တကယ်တော့ ငါ့ဘ၀က ..
ခပ်ဆူးဆူး အတိတ်ဝဋ်ကျွေးတွေကို ပေးဆပ်ရင်း
ငိုချင်ပါရဲ့ ပြုံးနေရသူပါ ချစ်ရသူရယ် .......

(အောင်ကျော်မြင့်)

“ကန်တော့ပါသည် အို... အမိ”

Photo: “ကန်တော့ပါသည် အို... အမိ”
*******************

ကျောင်းမနေရှာ၊ ဖြတ်သန်းပါ၍
စာမတတ်သည့်၊ င့ါအမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို... အမိ။

လုပ်ကိုင်ပင်ပန်း၊ ဒုက္ခလမ်း၌
မကျန်းမာသည့်၊ ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ငွေကြေးဥစ္စာ၊ မချမ်းသာလည်း
ဝမ်းသာရှာ၏။ င့ါအမိသည်
ချစ်သည့်သားနှင့် နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ကွယ်လွန်ခဲ့ရာ၊ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ၊ င့ါအမိကို
သတိရလျက်၊ အောင့်မေ့လျက်နှင့်
အိပ်မက်ထဲတွင်၊ အမြဲမြင်သည်
ပြုံးရွှင်ပါလျက်၊ တွေ့ပါလျက်ကြောင့်
မြမျက်ရည်ဖြင့် ပူဇော်၏။
ကန်တော့ပါသည် အို... အမိ။

ပျဉ်မနား မောင်နီသင်း
ကျောင်းမနေရှာ၊ ဖြတ်သန်းပါ၍
စာမတတ်သည့်၊ င့ါအမိသည်
သတိနှင့်သာ နေခဲ့၏
ကန်တော့ပါသည် အို... အမိ။

လုပ်ကိုင်ပင်ပန်း၊ ဒုက္ခလမ်း၌
မကျန်းမာသည့်၊ ငါ့အမိသည်
သတ္တိနှင့်သာ နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ငွေကြေးဥစ္စာ၊ မချမ်းသာလည်း
ဝမ်းသာရှာ၏။ င့ါအမိသည်
ချစ်သည့်သားနှင့် နေခဲ့၏။
ကန်တော့ပါသည် အို... အမိ။

ကွယ်လွန်ခဲ့ရာ၊ ကြာခဲ့ပါလည်း
ရင်မှာလွမ်းမိ၊ င့ါအမိကို
သတိရလျက်၊ အောင့်မေ့လျက်နှင့်
အိပ်မက်ထဲတွင်၊ အမြဲမြင်သည်
ပြုံးရွှင်ပါလျက်၊ တွေ့ပါလျက်ကြောင့်
မြမျက်ရည်ဖြင့် ပူဇော်၏။
ကန်တော့ပါသည် အို... အမိ။

ပျဉ်မနား မောင်နီသင်း

ချစ်သူဆီသို့


ချစ်သူ
ရင်ခုန်တိုင်း ချစ်တာမဟုတ်ပါဘူး

ချစ်လို့ ရင်ခုန် သွားတာပါ ~~


ချစ်သူ

လှလို့ ချစ်တာမဟုတ်ပါဘူး
ချစ်လို့  လှသွားတာပါ
~~

ချစ်သူ
ပင်ပန်းလို့  မင်းဓာတ်ပုံထုတ်ကြည့်တာမဟုတ်ပါဘူး
ဓာတ်ပုံကြည့်လို့  ပင်ပန်းပြေ သွားတာပါ ~~

ချစ်သူ
မင်းကိုမယုံလို့  သဝန်တိုတာမဟုတ်ပါဘူး
မင်းအနားက ကောင်လေးတွေကို မယုံလို့  သဝန်တိုသွားတာပါ ~~ 
 
ချစ်သူ
မင်းအနားမနေချင်လို့  အဝေးကြီးကို ထွက်သွားတာမဟုတ်ပါဘူး
ရာသက်ပန်အမြဲ နီးနိုင်အောင် ရင်အနာခံပြီး ထွက်သွားတာပါ ~~

ချစ်သူ
ကံကြမ္မာ ဆိုတာ ကိုယ်တို့  မပိုင်ရပင်မယ့်
ကိုယ်တို့  အနာဂတ်ကိုတော့ ကိုယ်တို့ ဆေးခြယ်ပိုင်ခွင့်ရှိတယ်~~

လူအများမြင်ရတဲ့ လက်လေးတွေ 
တွဲခွင့်မရပင်မယ့် နှလုံးသားအချင်းချင်းတော့ 
အမြဲ မခွဲကြေးနော် ချစ်သူ ~~~~~

( ဇင် နှင်း )
ချစ်သူ
ရင်ခုန်တိုင်း ချစ်တာမဟုတ်ပါဘူး
ချစ်လို့ ရင်ခုန် သွားတာပါ

ချစ်သူ
လှလို့ ချစ်တာမဟုတ်ပါဘူး
ချစ်လို့  လှသွားတာပါ

ချစ်သူ
ပင်ပန်းလို့  မင်းဓာတ်ပုံထုတ်ကြည့်တာမဟုတ်ပါဘူး
ဓာတ်ပုံကြည့်လို့  ပင်ပန်းပြေ သွားတာပါ

ချစ်သူ
မင်းကိုမယုံလို့  သဝန်တိုတာမဟုတ်ပါဘူး
မင်းအနားက ကောင်လေးတွေကို မယုံလို့  သဝန်တိုသွားတာပါ

ချစ်သူ
မင်းအနားမနေချင်လို့  အဝေးကြီးကို ထွက်သွားတာမဟုတ်ပါဘူး
ရာသက်ပန်အမြဲ နီးနိုင်အောင် ရင်အနာခံပြီး ထွက်သွားတာပါ

ချစ်သူ
ကံကြမ္မာ ဆိုတာ ကိုယ်တို့  မပိုင်ရပင်မယ့်
ကိုယ်တို့  အနာဂတ်ကိုတော့ ကိုယ်တို့ ဆေးခြယ်ပိုင်ခွင့်ရှိတယ်

လူအများမြင်ရတဲ့ လက်လေးတွေ တွဲခွင့်မရပင်မယ့် နှလုံးသားအချင်းချင်းတော့ အမြဲ မခွဲကြေးနော် ချစ်သူ ~~~~~

( ဇင် နှင်း )

"" အချစ်လေလား ""

အကြည့်တွေ့ရယ်ဆုံလာရင်လေ သိပ်ခက်တယ်
နှိုင်းယှဉ်ပြလို့မရတဲ့စကားလုံးေ
တွရင်ထဲ
အညှာလွယ်တယ်လို့ ပြောချင်ပြောပါ
မင်းအပြုံးလေးတွေ့ရင် သိပ်ချစ်တာပဲ

သစ္စာစကားလည်း မဆိုပါဘူး
မုသားစကားလည်းမပြောပါဘူး
ယုံတယ်ဆိုရင်တော့ ကိုယ့်ချစ်ကို
လက်ခံပေးပါကွယ်

တစ်သက်မှာတစ်ကြိမ်
တစ်ကြိမ်မှာတစ်ယောက်တည်းမို့
အချစ်လေးရယ် ကိုယ့်ကိုပြန်ချစ်လိုက်ပါတော့ကွ
ယ်

တစ်ရက်လည်းမဟုတ်ခဲ့ပါ
နှစ်ရက်လည်းမဟုတ်ခဲ့ပါ
ရက်တွေတရက်ပီးတစ်ရက်ကြာခဲ့ပါပီ
ခေါ်လေလေဝေးနေရမှာလား
မျှော်လေလေဆွေးနေရမှာလား
လိုက်နေတာသိရဲ့သားနဲ့ ပြေးနိုင်လွန်းသူလေးရယ်

အမူအရာလေး တမော့မော့
ပုတုန်းရောင်ဆံကေသာ ကြော့ကြော့မှာ
ပန်းပန်ဖို့ မောင်ရည်စူး နှင်းဆီဖူးလေး
မောင်ခူးလို့လာပြီ
ချစ်သူလေးရဲ့ ဆံကေသာထက်
ပြုံးရွှင်ကာ မြူးတူး ပန်ဆင်လိုက်စမ်းလေ

ချစ်သူခြေတစ်လှမ်းလှမ်းလိုက်တို
င်း
ပန်းတစ်ပွင့် ပွင့်နေတယ်လို့ထင်မိ
ချစ်သူသွားရာနေရာများ
ပန်းမန်စုံလင်တဲ့ ဥယျာဉ်များဖြစ်သွားလေလား
စိတ်တွင်ခံစား အချစ်လေလား...........။


(ကိုဇော်)
iceheart.owner@gmail.com

"" စောင့်လို့နေမှာပါ ""

မင်းနဲ့မှ ချစ်တတ်သွားတာပါ
မင်းနဲ့မှ ချစ်တာမချစ်တာ ငါသိခဲ့တာ
မင်းနဲ့မှ အချစ်အကြောင်းငါသိခဲ့တာ
ဒါတွေဟာ ရိုးလွန်းပါတယ်ကောင်မလေးရယ်
ငါကတော့ မင်းအပေါ်
ဘယ်လောက်ချစ်တယ်ဆိုတာတွေကို
ရိုးလွန်း အသုံးများလွန်းနေတဲ့စကားလုံးတွေနဲ့
မတင်စားချင်ဘူးကောင်မလေးရယ်....

ငါအချစ်ကို ထိခိုက်ပွန်းပဲ့သွားနိုင်လို့ပါ
ငါရဲ့အချစ်ဟာ အရမ်းသိမ်မွေ့နူးညံ့ပြီး
ပေးဆပ်ခြင်းတွေ ရယူခြင်းမရှိ
ယုယခြင်းတွေ ကြမ်းတမ်းခြင်းမရှိ
နွေးထွေးသော အချစ် အေးစက်စက်ဖြစ်ခြင်းမရှိတွေနဲ့
ပြည့်စုံနေတဲ့ အချစ်တွေနဲ့မင်းလေးကို
တသက်လုံးချစ်သွားမှာပါ
မင်းအနားဘယ်သူတွေပဲရှိရှိပေါ့ ကောင်မလေးရယ်
မပြောင်းမလဲ အကြောင်းမလွှဲပဲ
တထောင့်တနေရာကနေ မင်းလေးကိုယ့်ရင်ခွင်ဝင်လာမဲ့
တစ်နေ့ကို ကိုယ်ကျေကျေနပ်နပ်ကြီး စောင့်လို့နေမှာပါ......

(ကိုဇော်)

"" ယုံကြည်ပါ ကောင်မလေး ""

နင်ပျော်ဖို့ အကြိမ်ကြိမ်အခါအခါ
အနွံတာခံပြီး ပေးဆပ်ထားပေမယ့်
ငါငိုဖို့ ဒီရင်ခွင်ကို နင်စုံကန်ပြီး
အခြားတစ်ယောက်ဆီကို ပြေးထွက်သွားလေရဲ့ 
ငါတစ်ယောက်တည်း သွေးပျက်ခဲ့တဲ့ည
နင်တကယ်ပဲ အခြားတစ်ယောက်နဲ့ 
အိပ်ပျော်နေမှာလား .....

အွန်လိုင်းပေါ်ကိုလည်း
ငါအချိန်မှန်မှန်တက်ပါတယ်
ကော်နက်ရှင်ကျတဲ့နေ့တိုင်း
ငါအရမ်းစိတ်ပျက်ပါတယ်
မင်းလေး offline ဖြစ်နေရင်တော့
ငါ့အတွက် ခက်ပါတယ်
နောက်ကျလို့ စိတ်ကောက်သွားပြီလား
ဒါဆိုရင်တော့ ပြဿနာပဲ
busy ဖြစ်နေရင် ငါ့ရဲ့စိတ်များဂယောက်ဂယက် ဖြစ်ပါတယ်
တခြားတစ်ယောက်နဲကများ ပြောနေမလား
ငါ့ရဲ့အတွေးစိတ်များ ၀င်္ကပါလည် ....

မဖြတ်ပါနဲ့ စိတ်မချဘူး ငါတို့နှစ်ယောက်ကဝေးနေလို့
လက်ချိုးပြီးရေတွက်နေဆဲ နင်ပြန်လာမဲ့နေ့တွေကို
နားလည်ပါကွာ သ၀န်တိုငါ့ရဲ့အတွေးတွေကို
နင်မရှိတဲ့ ရန်ကုန်မြို့မှာ ဒီချာတိတ်ကဆွေးနေလို့
ကုသိုလ်ရဖို့အတွက်လည်း ဘုရားအတူတူသွားခဲ့ဖူးတယ်
လှည်းတန်းကမုန့်ဆိုင်မှာ အတူတူထိုင်ခဲ့ဖူးတယ်
ရည်းစားဆိုတဲ့နင်က ငါလက်မောင်းမှာ မှီခဲ့ဖူးတယ်
ငါ့ကိုသာ သတ်လိုက်ပါတော့ ခုတော့ ဘာမှမဆိုင်တော့ဘူးတဲ့ ....

နင်ပျော်အောင် ငါဖြည့်ဆည်းမယ်
မင်းတစ်ယောက်တည်းပဲချစ်နေလို့
အစားထိုးပြီးလည်းမချစ်နိုင်ဘူးကွာ
အဆင်ပြေမယ်ဆို ပြန်လာခဲ့လို့
နာကျင်စရာတွေရှိလည်းပဲ
မင်းအတွက် အမြဲအသင့်ရှိနေမဲ့သူ
ခွင့်လွှတ်ပြီးတော့ချစ်နေမဲ့လူ
လူတွေမမြင်အောင်ငါချစ်အုံးမယ် ....

ဟိုးတုန်းကလို နင်စိတ်မဆိုးနဲ့
ဒီမှာနင်မကြိုက်တဲ့ ငါ့ရဲ့အကျင့်တွေ အကုန်ပြင်ထားပြီးလို့
မင်းမကြိုက်တဲ့ဆေးလိပ်တွေ ဘယ်တော့မှမသောက်တော့ပါ
မင်းစိတ်ထဲမုန်းသွားမှာ ငါလေးအရမ်းကြောက်လို့
ငါကိုယ်တိုင်ပျိုးထားတဲ့ပန်းလေးတစ်ပွင့်လို
အမြတ်တနိုးထိန်းသိမ်းခဲ့ပြီ
နင်နဲ့မှ ရင်ထဲက အချစ်တွေက အစပျိုးခဲ့ပြီ
အချိန်မှန်ဖုန်းပြောခဲ့တဲ့ အမှတ်တရညတွေ
ဘယ်တော့မှ ပျောက်လို့မသွားပြီ
နင်နဲ့မှ ရင်ထဲက အချစ်တွေက လေးနက်ခဲ့ပြီ ....

ရှင်မွှေးလွန်းနဲ့ မင်းနန္နာလိုမျိုး
ရိုမီယိုနဲ့ ဂျူးလိယက်လိုမျိုး
မင်းနဲ့ငါ ကမ္ဘာကျော်အောင်ချစ်မယ်
စိတ်ဆိုးစိတ်ကောက်တတ်တဲ့ မင်းရဲ့အကျင့်များ
ငါချစ်လို့ ပြောတာမင်းလေးယုံပါ
မင်းရင်မှာခံစားခဲ့ရရင်တော့ တောင်းပန်ပါတယ် ကောင်မလေးရယ်
အမြဲတမ်းငါချစ်ရသူမင်လေးဘေးက
တစ်စက္ကန့်လေးတောင် ခွဲမသွားချင်ဘူးကွာ
နှလုံးသားမှာ ရေးဆွဲထားတဲ့ပုံရိပ်လေးမင်းပါပဲ
ငါ့အတွက်တော့မင်းက အရာရာနံပါတ် (၁)ပဲ
မင်းကငါ့ဘ၀ရဲ့ မျှော်လင့်ချက်အလင်းရောင်လေး
မင်းကငါ့ရဲ့တန်ဖိုးထားရသူလေးပါ
ကျန်တာဘာမှစိတ်မ၀င်စား ဂရုမစိုက်ဘူးကွာ ....
ယုံကြည်ပေးပါ ကောင်မလေးရာ.....

(ကိုဇော်)

နင်ပြန်လာမဲ့အချိန်

အလွမ်းတွေ သိပ်မပေးပါနဲ့
ခံနိုင်ရည်မရှိသေးလို့ပါ

အရပ်ဝေးတွေ သိပ်မသွားပါနဲ့
မခွဲခွာနိုင်သေးလို့ပါ

မချစ်ဘူး မပြောပါနဲ့
အမုန်းဒဏ်မခံနိုင်သေးလို့ပါ

ကိန္နရီကိန္နရာမောင်နှံ တစ်ညခွဲနေရလို့
နှစ်ပေါင်းများစွာ ငိုဆွေးတမ်းတနေရတာ
ငါ့ကိုယ်တွေ့မှ ယုံရပြီချစ်သူ

အချိန်နာရီကြည့်လိုက်တော့
ညဥ့်နက်သန်းခေါင်ယံတောင် ကျော်သွားပြီ
ဒီလိုနဲ့ အိပ်မပျော်တဲ့ရက်တွေ များခဲ့ပါပီ
မင်းပြန်လာမဲ့ရက်ကို မျှော်လင့်ရင်းဆွေးနေ၇ပါတယ် ချစ်သူ

ချစ်သူ နင်ပြန်လာမဲ့ရက် ဖုန်းဆက်ပါ
ပြန်လာလို့ အတူတွေ့တဲ့အခါမှာ
နင့်ကိုလွမ်းတဲ့အကြောင်းတွေ
ငါပြောမယ် အချစ်ရယ်
နေ့တိုင်းငါ စောင့်ဆိုင်းလို့
နင်ပြန်လာမဲ့အချိန်ကို

စိတ်ကူးတိုင်းမှာ နင့်အပြုံးတွေ
အိပ်မက်တိုင်းမှာ နင့်အကြောင်းတွေ
အလွယ်တကူမေ့ဖျောက်ရန် မလွယ်ဘူးလေ
အချစ်ရေ နင်အမြန်ပြန်လာခဲ့ပါဟေ.....

မနက်ခင်းတိုင်းမှာ နေမင်းလို
ညခင်းတိုင်းမှာ လမင်းလို
ကိုယ့်နှလုံးသားမှာ အချိန်တိုင်းလို
စောင့်စားလို့
နင်ပြန်လာမယ့်အချိန်ကို...
ရေတွက်ရင်း ရေတွက်ရင်း
ငါဆွေးးးး..............။

"တလွဲတန်ဖိုး"

သူပြောခဲ့ဖူးပါတယ်
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ရင်ဘတ်ကြီးအပြည့်နဲ့ပေါ့။
 
ယုံကြည်ခဲ့ဖူးပါတယ်
နှုတ်ဖျားက ယုံတမ်းစကား
နှလုံးသားနဲ့ ခံစားပြီးပေါ့။
 
သူပေးခဲ့ဖူးပါတယ်
ကတိဆိုတဲ့စကားတစ်ခွန်း
ချိုသကာ လူးထားရင်းပေါ့။
 
ကြည်နူးခဲ့ဖူးပါတယ်
ရိုးသားတဲ့ မျက်ဝန်းစကား
နှောင်ဖွဲ့ခြင်း များစွာနဲ့ပေါ့။
 
ဖြစ်နိုင်မယ်ဆိုရင်လေ
နင့်ရဲ့ ယုံတမ်းစကားတွေကို
အမှိုက်တစ်စလို လွှင့်ပစ်ချင်ပေမယ့်
မမာနိုင်တဲ့ ဒီအသည်းက
နာကျင်ခြင်းများစွာနဲ့
တန်ဖိုးထားနေမိခဲ့တယ်။
 
                                  ခင်စပယ်ထွေး(တမူးမြို့)

မိဘ

Photo: မိဘ

အဝေးရောက်နေရင် ပိုသိသာတယ်...
မိဘရဲ့ ရပ်တည်မှု

အားငယ်ရင် ပို သိသာတယ်
မိဘရဲ့ ဖြစ်တည်မှု

ဝမ်းနည်းရင် ပိုသိသာတယ်
မိဘရဲ့  ပြုံးရွှင်မှု

ဝမ်းသာရင် ပိုသိသာတယ်
မိဘရဲ့  ဆူပူမှု

တယောက်တည်းနေရင် ပိုသိသာတယ်
မိဘရဲ့  နွေးထွေးမှု

ငိုချင်ရင် ပိုသိသာတယ်
မိဘရဲ့  အားပေးမှု

အထီးကျန်ရင် ပိုသိသာတယ်
မိဘရဲ့  ကြင်နာမှု

မွေးနေ့ ရောက်ရင် ပိုသိသာတယ်
မိဘရဲ့  ပင်ပန်းမှု

အစားထိုးမရတဲ့ အရာတွေမှာ မိဘဆိုတာ နံပတ်၁ပါ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို စာတွေတတ်လာခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို သူငယ်ချင်းတွေရခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို လုပ်ကျွေးခွင့်ရခဲ့တာ

ဝမ်းမနည်းပါဘူး...

အခုချိန်ခွဲရတယ် ဆိုတာ နောက်တချိန် လုပ်ကျွေးခွင့်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန်ဝမ်းနည်းတယ်ဆိုတာ နောက်တချိန် ပျော်ရွှင်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန် ငိုကြွေးတယ်ဆိုတာ နောက်တချိန် ပြုံးရွှင်ရဖို အခွင့်အရေးစောင့်နေတာပါ

အရိပ်ကိုလိုချင်ရင် အရင်နေပူထဲက လျှောက်လှမ်းရပါတယ်.....

မိဘရဲ့ မျက်နှာနဲ့ အပြုံးကို စဉ်းစားမိတာနဲ့ အရာအားလုံးပြန်ပြုံးပြနိုင်ပါတယ်.....

( ဇင်နှင်း)
အဝေးရောက်နေရင် ပိုသိသာတယ်...
မိဘရဲ့ ရပ်တည်မှု

အားငယ်ရင် ပို သိသာတယ်
မိဘရဲ့ ဖြစ်တည်မှု

ဝမ်းနည်းရင် ပိုသိသာတယ်
မိဘရဲ့  ပြုံးရွှင်မှု

ဝမ်းသာရင် ပိုသိသာတယ်
မိဘရဲ့  ဆူပူမှု

တယောက်တည်းနေရင် ပိုသိသာတယ်
မိဘရဲ့  နွေးထွေးမှု

ငိုချင်ရင် ပိုသိသာတယ်
မိဘရဲ့  အားပေးမှု

အထီးကျန်ရင် ပိုသိသာတယ်
မိဘရဲ့  ကြင်နာမှု

မွေးနေ့ ရောက်ရင် ပိုသိသာတယ်
မိဘရဲ့  ပင်ပန်းမှု

အစားထိုးမရတဲ့ အရာတွေမှာ မိဘဆိုတာ နံပတ်၁ပါ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို စာတွေတတ်လာခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို သူငယ်ချင်းတွေရခဲ့တာ

ကိုယ့်ကိုလူလားမြောက်အောင် မွေးဖွားပေးလို့ 
အခုလို လုပ်ကျွေးခွင့်ရခဲ့တာ

ဝမ်းမနည်းပါဘူး...

အခုချိန်ခွဲရတယ် ဆိုတာ နောက်တချိန် လုပ်ကျွေးခွင့်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန်ဝမ်းနည်းတယ်ဆိုတာ နောက်တချိန် ပျော်ရွှင်ရဖို့ အခွင့်အရေးစောင့်နေတာပါ

အခုချိန် ငိုကြွေးတယ်ဆိုတာ နောက်တချိန် ပြုံးရွှင်ရဖို အခွင့်အရေးစောင့်နေတာပါ

အရိပ်ကိုလိုချင်ရင် အရင်နေပူထဲက လျှောက်လှမ်းရပါတယ်.....

မိဘရဲ့ မျက်နှာနဲ့ အပြုံးကို စဉ်းစားမိတာနဲ့ အရာအားလုံးပြန်ပြုံးပြနိုင်ပါတယ်.....

( ဇင်နှင်း)
facebook မှ

“““““ အလွမ်းနေ့စွဲ ””””

တစ်ဘ၀တာ မဆုံဆည်းနိုင်ပေမယ့်
ခဏတာဖြစ်ဖြစ် မင်းအပြုံးလှလှလေးတွေကို
မြင်တွေ့ခွင့်ရဖို့ မျှော်လင့်နေမိတယ် ...

မထိုက်တန်ဘူး မင်းအပြုံးနုနုတွေနဲ့ ဆိုရင်တော့
ခပ်သဲ့သဲ့ မင်းအသံလေးတွေဖြစ်ဖြစ်
ဒီလိုနေ့ညတွေ ငါမျှော်လင့်မိနေဦးမှာဘဲ ...

ငါဟာ
စိတ်ကူးယဉ်တတ်တဲ့
အိမ်မက် မက်တတ်တဲ့
ပြုံးတတ် ငိုတတ်တဲ့ လူထဲက လူဘဲမဟုတ်လား ...
(အောင်ကျော်မြင့်)
akmyint.kooo@gmail.com

အိမ်မက်

ချစ်ခဲ့ဖူးပါရဲ့
အနက်ရှိုင်းဆုံးရင်ခုန်သံတွေနဲ့
ဟိုး အတိတ်မိုးကောင်းကင် တစ်ချိန်က
ရူးမိုက်မိုက် ကောင်လေးတစ်ယောက် အဖြစ်နဲ့ပေါ့...

အခုတော့
အဆိပ်တတ်အိမ်မက်တွေကို
အချိန်ဆိုတဲ့ ဝေါဟာရက ချစား
ငါ့ဘ၀ ခပ်ခါးခါးနေ့ရက်တွေကို ကျော်လွှားနိုင်ခဲ့ပြီလို့ ဆိုရလေမလား မသိဘူးနော်..

အချစ်မဲ့ အမုန်းမဲ့ 
နာကျင်ခြင်းမဲ့ လွမ်းဆွတ်ခြင်းမဲ့တဲ့ ငါ့နေရက်တွေနဲ့
သက်မဲ့ နှလုံးသားရင်ပြင်က
ငြိမ်းချမ်းမှုတွေလား...

တစ်ခါ တစ်လေမှာတော့
ဟာတာတာ ရင်ခွင်အစုံနဲ့ ရေအစုန်မှာရွက်လွှင့်ရင်း
ဘယ်အချိန် ဘယ်လိုအိမ်မက်တွေနဲ့ ဘယ်ကမ်းကို ကပ်ဦးမှာလဲ
စိုးထိတ်မိပါသေးတယ်  ......


                                                            အောင်ကျော်မြင့်
                                                                5-9-2012

အချစ်ရှုံးခဲ့တဲ့ ကျွန်မရဲ့အချစ်

ကျွန်မရဲ့ဘဝ
တစ်စိတ်တစ်ဒေသ
ပါဝင်ပတ်သက်ခဲ့သူရေ . . . . 
ကျွန်မသာလျှင်
မောင့်ရဲ့အချစ်ဦးပါတဲ့
ပြောခဲ့တဲ့ စကားလုံးလေးတွေ
ဘယ်ဆီကိုရောက် ဘယ်သောင်ကပ်လို့
ဘယ်ရေပြင်မှာ မျောပါသွားလဲ မောင်ရယ် . . . . ။
ကျွန်မရဲ့ အချစ်တွေ
မောင့်ရဲ့ရင်ထဲ 
အနက်ရှိုင်းဆုံးတစ်နေရာဝယ်
သော့ခတ်ထားလို့ 
သိမ်းဆည်းလိုက်ပါတော့ မောင်ရယ် . . . ။
အခြားသူတွေ ချစ်ခွင့်ပန်လဲ
ကျွန်မရဲ့အချစ်တွေ
ကုန်ဆုံးပြီမို့ ချစ်ဖို့မရည်ရွယ်
ချစ်ဖို့ဆိုလည်း မောင့်တစ်ယောက်ထဲသာ။
အချစ်တွေလည်း မောင့်ထံခစား
မောင့်ရှေ့ဝယ် ဒူးထောက်ခါဖြင့်
မောင်လှည့်စားသမျှ မသိဟန်ဆောင်
အပြစ်ဟူသမျှ မရှိလေအောင်
တောင်းဆုချွေ၏
ဖြူစင်သော ကျွန်မ၏ ချစ်ခြင်းမေတ္တာဖြင့်
မောင့်ဘ၀ အေးမြပါစေသား ..............။
မိုးရိပ်
(4.9.2012)



 

အသည်းကွဲကဗျာ.

နင်~~မရှိရင် နေသားမကျတာရယ်
နင့်~~အသံမကြားရရင် မပျော်တာရယ်
နင့်~~ကိုမမြင်ရရင် ပူလောင်စွာခံစားနေရတာတွေရယ်
ငါအေးချမ်းချင်တယ် ချစ်သူရယ်
အရမ်းချစ်ရင် ရှုံးတယ်ဆိုတာ ဒါလားဟင်
ငါ့အတွေးထဲ စိတ်ကူးထဲမှာ နင့်နဲ့ဝေးရင်ဆိုတဲ့
... နင်ထားသွားရင်ဆိုတဲ့ အတွေးတွေက
ငါ့မျက်ရည်တွေကို မထွက်ထွက်အောင်လှုံ့ဆော်နေတယ်
နင့်အတွေးနဲတောင် ခံစားချက်ပြင်းထန်ရင်
တကယ်သာအပြင်မှာကြုံမယ်ဆိုရင်
ငါဘာဖြစ်သွားမယ်ဆိုတာ တကယ်မသိဘူး
အဝေးကြီးကိုပဲ ပြေးထွက်မလား
ကိုယ့်ကိုယ်ကိုယ်ပဲ အဆုံးစီရင်မလား
ရှုးရှုးမိုက်မိုက်တခုခုတော့ ဖြစ်မှာအသေချာပါ
 
နင့်ကိုချစ်တယ် အရမ်းလိုအပ်တယ်~~~

စောင့်လို့နေမှာပါ.....

မင်းနဲ့မှ ချစ်တတ်သွားတာပါ
မင်းနဲ့မှ ချစ်တာမချစ်တာ ငါသိခဲ့တာ
မင်းနဲ့မှ အချစ်အကြောင်းငါသိခဲ့တာ
ဒါတွေဟာ ရိုးလွန်းပါတယ်ကောင်မလေးရယ်
ငါကတော့ မင်းအပေါ်
ဘယ်လောက်ချစ်တယ်ဆိုတာတွေကို
ရိုးလွန်း အသုံးများလွန်းနေတဲ့စကားလုံးတွေနဲ့ မတင်စားချင်ဘူးကောင်မလေးရယ်
ငါအချစ်ကို ထိခိုက်ပွန်းပဲ့သွားနိုင်လို့ပါ
ငါရဲ့အချစ်ဟာ အရမ်းသိမ်မွေ့နူးညံ့ပြီး
ပေးဆပ်ခြင်းတွေ ရယူခြင်းမရှိ
ယုယခြင်းတွေ ကြမ်းတမ်းခြင်းမရှိ
နွေးထွေးသော အချစ် အေးစက်စက်ဖြစ်ခြင်းမရှိတွေနဲ့
ပြည့်စုံနေတဲ့ အချစ်တွေနဲ့မင်းလေးကို
တသက်လုံးချစ်သွားမှာပါ
မင်းအနားဘယ်သူတွေပဲရှိရှိပေါ့ ကောင်မလေးရယ်
မပြောင်းမလဲ အကြောင်းမလွဲပဲ
တထောင့်တနေရာကနေ မင်းလေးကိုယ့်ရင်ခွင်ဝင်လာမဲ့
တစ်နေ့ကို ကိုယ်ကျေကျေနပ်နပ်ကြီး စောင့်လို့နေမှာပါ......

ကောင်မလေး

ကောင်မလေးရေ
ငါတော့ နင့်နဲ့တွေ့ရတဲ့အချိန်လေးတွေကို
စိန်စီပြီး ရွှေကွပ်ထားချင်တယ်

ကောင်မလေးရေ
ငါတော့ နင်ပြောတဲ့စကားလုံးလေးတွေကို
ငါ့နှလုံးသားထဲမှာ ဖမ်းယူထားတယ်
နင့်အသံအမြဲတမ်းကြားချင်လို့ပေါ့

ကောင်မလေးရေ
ငါတော့ နင့်ဆံနွယ်စလေးတွေကို
ငါ့သိမ်းထားပါရစေ
နင့်ကိုသတိရရင် နမ်းရှိက်ချင်လို့ပါ.

No comments:

0 comments:

Post a Comment

ဘယ်သီချင်း နားထောင်မလဲ

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ထူးဆန်းလွန်းတဲ့အချစ် ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced ချစ်မိနေပြီ နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ ဖိတ်စာ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို ငါ့ကိုပြောပါ မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ကမ္ဘာပျက်နေ့ နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် (မမ) ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ယုံမှာလား ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျောင်းပိတ်ရက်လေး ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin)
ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


http://wunthozinko.blogspot.com အားပေးသူအားလုံး နေကောင်းပါစေ ရည်းစားနဲ့ အဆင်ပြေပါစေ zinko740@gmail.com

glitter link generator

ဝန်းသို (စော်ဘွားမြေ) ဇင်ကို

 
Twitter Bird Gadget